သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားဒုက္ခသည်တွေအတွက် ဒေါ်လာသန်းပေါင်း ၄ ထောင်ကျော်လိုအပ်


Idlib ဒေသက ဆီးရီးယားဒုက္ခသည်စခန်းတစ်ခု။ (ဧပြီလ ၁၅ ရက်၊ ၂၀၁၃)။
Idlib ဒေသက ဆီးရီးယားဒုက္ခသည်စခန်းတစ်ခု။ (ဧပြီလ ၁၅ ရက်၊ ၂၀၁၃)။
ဒီနှစ်ကုန်လောက်ရောက်ရင် ဆီးရီးယားနိုင်ငံက ဒုက္ခသည် အရေအတွက်ဟာ သုံးသန်းခွဲလောက် ရှိလာတော့မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းလိုက်ပါတယ်။ ဆီးရီးယားပြည်တွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြတဲ့ ဒီဒုက္ခသည်တွေအတွက် အရေးပေါ် ကယ်ဆယ်ကူညီရေးရန်ပုံငွေ အဖြစ် ဒေါ်လာသန်းပေါင်း လေးထောင်ကျော် ချထားပေးဖို့လည်း ကုလသမဂ္ဂအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။ တကယ်လို့ ဆီးရီးယားပြည်တွင်း စစ်ပွဲအတွက် နိုင်ငံရေး အဖြေမရှာနိုင်ခဲ့ဘူးဆိုရင် ဒီနှစ်အတွင်းမှာပဲ နိုင်ငံ့လူဦးရေ ထက်ဝက်လောက်ဖြစ်တဲ့ နိုင်ငံသား ဆယ်သန်းကျော်ရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အကူအညီတွေ အမြန်ဆုံးလိုအပ်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

သူတို့ကို အကူညီပေးမယ့် ကုလသမဂ္ဂလုပ်ငန်းတွေအတွက် ကုလသမဂ္ဂက ဒေါ်လာသန်းပေါင်း လေးထောင့်လေးရာ လိုအပ်သလို၊ အိမ်နီးချင်း ဂျော်ဒန်နဲ့ လက်ဘနွန်အစိုးရတွေက သူတို့လက်ခံထားတဲ့ ဆီးရီးယားဒုက္ခသည်တွေကို အကူညီပေးဖို့ ဒေါ်လာ သန်း ၈၃၀ တောင်းခံထားတာမို့ ဒီအတွက်လည်း ထပ်ပြီးလိုအပ်မယ်လို့ ဆိုပါတယ်။ ဒီကိစ္စကို နိုင်ငံတကာက အရေးပေါ်ချက်ချင်းတုံ့ပြန်ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Antonio Guterres က ပန်ကြားလိုက်ပါတယ်။

အခုလောလောဆယ်မှာ အိမ်နီးချင်းနိုင်ငံေတွေမှာ ခိုလှုံနေကြတဲ့ ဆီးရီးယား နိုင်ငံသားက တစ်သန်းခြောက်သိန်းလောက်ရှိနေပြီး ဒီနှစ်ကုန်လောက် ရောက်ရင် သုံးသန်းခွဲလောက်ဖြစ်လာဖို့ ရှိတယ်လို့လည်း မစ္စတာ Guterres ကပြောပါတယ်။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်အရ ဆီးရီးယားနိုင်ငံထဲမှာ လူပေါင်း ၇ သန်း နီးပါးဟာ ကူညီထောက်ပံ့မှု အတော်လိုအပ်နေပြီး၊ အများစုဟာ အိုးအိမ်ရွှေ့ပြောင်းနေ နေကြရတယ်လို့ ဆိုပါတယ်။
XS
SM
MD
LG