သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီရီးယားသူပုန်တွေရဲ့ ကုလဝန်ထမ်းတွေ ဖမ်းဆီးမှု နိုင်ငံတကာ ကန့်ကွက်


ဆီးရီးယားနိုင်ငံရောက် ကုလသမဂ္ဂယာဉ်တန်းများကို သူပုန်အဖွဲ့က ဖမ်းဆီးထားစဉ်။
ဆီးရီးယားနိုင်ငံရောက် ကုလသမဂ္ဂယာဉ်တန်းများကို သူပုန်အဖွဲ့က ဖမ်းဆီးထားစဉ်။
ဂိုလံကုန်းမြင့်ဒေသမှာ တာဝန်ယူထားတဲ့ ဖိလစ်ပိုင် နိုင်ငံသား ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၂၁ ဦးကို ဆီးရီးယားသူပုန်အုပ်စုတစုက ဖမ်းဆီးထားတာ နဲ့ပါတ်သက်ပြီး ဖိလစ်ပိုင်အစိုးရ ရှုံ့ချလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာန ရဲ့ ထုတ်ပြန်ချက်မှာ ဒီလုပ်ရပ်ဟာ နိုင်ငံတကာ ဥပဒေကို အကြီးအကျယ် ချိုးဖေါက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကိစ္စ ဖြေရှင်းဖို့ ကုလသမဂ္ဂ ၊ အမေရိကန် ၊ ပြင်သစ် ၊ ဗြိတိန် ၊ ဂျာမဏီတို့နဲ ပူးပေါင်းဆောင်ရွက် သွားမယ်လို့လဲ ပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန် ဗီတာလီ ချာကင် က အခု ဖမ်းခံရတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေဟာ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့ရှိရာကို ထောက်ပံ့ရေး ပစ္စည်းတွေ သယ်ယူသွားစဉ်မှာ အင်အား ၃၀ လောက်ရှိတဲ့ လက်နက်ကိုင် အုပ်စုတစုက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဖြစ်တဲ့နေ့မှာပဲ ဆီးရီးယားလွတ်မြောက်ရေးတပ်မတော်ကို စစ်လက်နက်ပစ္စည်းတွေ ပိုပြီး ထောက်ပံ့ပေးဖို့ သူပုန်စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ် ဆလင်းမ် က နိုင်ငံတကာ ကို မေတ္တာရပ်ခံတာနဲ့ တိုက်ဆိုင်နေပါတယ် ။ အနောက်အုပ်စုဝင် နိုင်ငံတချို့ကတော့ စစ်လက်နက်အကူအညီတွေ ပေးရင် အယ်ကိုင်းဒါး အကြမ်းဖက်အုပ်စု နဲ့ဆက်နွယ်နေတဲ့အစွန်းရောက်အဖွဲ့တွေရဲ့လက်ကိုရောက်မှာ စိုးရိမ်မှု ရှိနေတာပါ။ ဗြိတိန်ကတော့ ဆီးရီးယား အတိုက်အခံတွေကို စက်သေနတ်ပါတဲ့ယာဉ်တွေအပါအဝင် ကူညီမှု ပိုပေးမယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
XS
SM
MD
LG