သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 အစည်းအဝေး ဆီးရီယားရေးဆွေးနွေးမည်


ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံတွေရဲ့ G-20 ထိပ်သီးစည်းဝေးပွဲ၊ ရုရှနိုင်ငံ။ (စက်တင်ဘာ ၄၊ ၂၀၁၃)
ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံတွေရဲ့ G-20 ထိပ်သီးစည်းဝေးပွဲ၊ ရုရှနိုင်ငံ။ (စက်တင်ဘာ ၄၊ ၂၀၁၃)
ကမ္ဘာ့အဓိက စီးပွားရေးနိုင်ငံတွေရဲ့ G-20 ထိပ်သီးအစည်းအဝေးပွဲ တက်ရောက်နေတဲ့ အမေရိကန်သမ္မတ Barack Obama ဟာ ဆီးရီးယားအပေါ် အမေရိကန်အနေနဲ့ အရေးယူနိုင်ခြေနဲ့ပတ်သက်လို့
St Petersburg ကိုရောက်နေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို ထောက်ခံအားပေးဖို့ တိုက်တွန်းမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ဆီးရီးယားအရေးကို ထည့်သွင်းဆွေးနွေးမယ်လို့ ရုရှသမ္မတ ဘလာဒီမီယာ ပူတင်က ကြေညာခဲ့ပါတယ်။ နိုင်ငံတကာရဲ့ နိုင်ငံရေးမှာ အင်မတန် အရေးကြီးနေတဲ့ ကိစ္စကို ဆွေးနွေးဖို့အတွက် ခေါင်းဆောင်အချို့က သူ့ကိုတောင်းဆိုခဲ့တယ်လို့ အစည်းအဝေးဖွင့်ပွဲမိန့်ခွန်းမှာ ရုရှသမ္မတက ပြောကြားခဲ့ပါတယ်။

ဒီည အလွတ်သဘော ညစာစားပွဲမှာ ဆီးရီးယားကိစ္စ ဆွေးနွေးနိုင်မှာဖြစ်တယ်လို့ သူကပြောပါတယ်။ နှစ်ရက်ကြာမယ့် ဒီထိပ်သီးစည်းဝေးပွဲမှာ မူလက ဆီးရီးယားကိစ္စ စည်းဝေးပွဲ အစီအစဉ်ထဲမှာ မပါပါဘူး။
ဒါပေမဲ့ သမ္မတအိုဘားမားနဲ့ တခြားခေါင်းဆောင်တွေက စည်းဝေးပွဲဘေးပန်းမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဒီအရပ်သားတွေအပေါ် ဆီးရီးယားအစိုးရက ဓါတုလက်နက်သုံး
တိုက်ခိုက်တယ် ဆိုတာကြောင့် စစ်ရေးအရ အရေးယူဖို့အတွက် အမေရိကန် သမ္မတ Barack Obama ဟာ 'ဒီ G 20 ထိပ်သီး စည်းဝေးပွဲမှာ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုရနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
XS
SM
MD
LG