သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားမြို့ကြီးတွေမှာ တိုက်ပွဲပြင်းထန်


ံHoms ဒေသနားရှိ Houla ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဗုံးဒဏ်ကြောင့် ဒဏ်ရာရခဲ့သူ မိန်းကလေးငယ်တဥိး။ ဇူလိုင် ၁၇၊ ၂၀၁၂
ံHoms ဒေသနားရှိ Houla ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဗုံးဒဏ်ကြောင့် ဒဏ်ရာရခဲ့သူ မိန်းကလေးငယ်တဥိး။ ဇူလိုင် ၁၇၊ ၂၀၁၂
ဆီးရီးယားနိုင်ငံ၊ ဒမတ်စ်ကပ်စ်မြို့တော်နဲ့ အာလက်ပိုမြို့တွေက အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေကို မောင်းထုတ်ဖို့ ကြိုးစားတဲ့အနေနဲ့ အစိုးရစစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ စက်သေနတ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ်လို့ ဆီးရီးယား အတိုက်အခံလှုပ်ရှားသူတွေက ပြောပါတယ်။
ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေကို အာလက်ပိုမြို့ဆီ ဆီးရီးယားစစ်တပ်က ရွှေ့ပြောင်းနေပြီး တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်လို့ အတိုက်အခံတွေကပြောပါတယ်။
သမ္မတအာဆဒ်က ရဟတ်ယာဉ်တွေ၊ တင့်ကားတွေနဲ့ တခြားလက်နက်တွေကို အသုံးပြုနေတယ်ဆိုတဲ့သတင်းတွေဟာ သူ့အစိုးရ ယိမ်းယိုင်ပြုတ်ကျနေတဲ့ အခြေအနေ နက်ရှိုင်းမှုကို ညွှန်ပြနေတယ်လို့ အမေရိကန်သမ္မတအိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Jay Carney က ပြောပါတယ်။
ဆီးရီးယားသံတမန် နောက်ထပ်နှစ်ဦး ဘက်ပြောင်းသွားတယ်လို့လည်း မစ္စတာကာနီက ပြောပါတယ်။ ဆိုက်ပရပ်စ်နဲ့ အာရပ်ဘ်စော်ဘွားများပြည်ထောင်စု UAE ဆိုင်ရာ ဆီးရီးယားသံအမတ်နှစ်ဦး ဘက်ကူးပြောင်းသွားတာပါ။
XS
SM
MD
LG