သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဓာတုလက်နက်ထုတ် ကိရိယာ ဆီးရီးယား ဖျက်ဆီး


ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်များစစ်ဆေးနေစဉ်။
ဆီးရီးယားနိုင်ငံတွင်း ဓာတုလက်နက်များစစ်ဆေးနေစဉ်။
ဆီးရီးယားနိုင်ငံဟာ ဓါတုလက်နက်လုပ်ရာမှာသုံးတဲ့ ပစ္စည်းကိရိယာ အားလုံးကို သတ်မှတ်ရက်အတိုင်းဖျက်သိမ်းနိုင်ခဲ့တယ်လို့ ဆီးရီးယား ဓါတုလက်နက် ဖျက်သိမ်းရေးအတွက် ကြီးကြပ်တဲ့ နိုင်ငံတကာအဖွဲ့ OPCW ကပြောကြား လိုက်ပါတယ်။ ဆီးရီးယား အစိုးရတင်ပြခဲ့တဲ့ လက်နက်စက်ရုံတွေက ဓါတုလက်နက် ထုတ်ရာမှာသုံးတဲ့ ကိရိယာအားလုံးဟာ အသုံးပြုလို့ မရတော့ကြောင်း စစ်ဆေးရေးအရာရှိတွေက အတည်ပြုပေးခဲ့တယ်လို့ OPCW က ကြာသပတေးနေ့မှာ ကြေညာပါတယ်။

ဆီးရီးယား ဓါတုလက်နက်ဖျက်သိမ်းရေး အစီအစဉ်ထဲက အခုလိုထုတ်လုပ် ကိရိယာဖျက်သိမ်းတဲ့အဆင့်ကို သောကြာနေ့ အထိ ရက် သတ်မှတ် ထားတာဖြစ်ပြီး နောက်တဆင့်အနေနဲ့ အစိုးရလက်ထဲ အများအပြားရှိနေတဲ့ ဓါတုလက်နက်တွေ ဖျက်သိမ်းရေးနဲ့ ပါတ်သက်ပြီး ဘယ်လိုလုပ်ဆောင်မယ် ဆိုတဲ့ အသေးစိတ်အစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့အထိ နောက်ဆုံး သတ်မှတ်ပေးထားတာပါ။

ရှေ့နှစ်အလယ်လောက်မှာ ဓါတုလက်နက်တွေအားလုံးကို လုံးဝဖျက်သိမ်းပေးဖို့ ဆီးရီးယားအစိုးရကို တောင်းဆိုထားပါတယ်။ တချိန်ထဲမှာပဲ ဆီးရီးယားရဲ့ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် ဂျော်ဒန်နိုင်ငံက ဆီးရီးယား ဒုက္ခသည်တွေကို နေရပ်ရင်းကို အတင်းပြန်မပို့ဖို့နဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးဖို့ Amnesty International လူ့အခွင့်ရေးအဖွဲ့ကြီးက ပန်ကြားလိုက်ပါတယ်။
XS
SM
MD
LG