သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအတိုက်အခံ ညွန့်ပေါင်းအဖွဲ့ အသိအမှတ်ပြုခံရဖို့ ကြိုးပမ်း


ဆီးရီးယားအတိုက်အခံညွန့်ပေါင်းအဖွဲ့
ဆီးရီးယားအတိုက်အခံညွန့်ပေါင်းအဖွဲ့
ဆီးရီးယား သမ္မတ ဘက်ရှာအယ်လ်အာဆက် ကို ဖြုတ်ချဖို့အတွက် အတိုက်အခံအဖွဲ့အစည်းတွေ စုစည်းပြီး ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းပြီးတဲ့နောက် ဆီးရီးယားနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ အာရပ်အဖွဲ့ချုပ် တာဝန်ရှိသူတွေက စီစဉ်လိုက်ကြပါတယ်။ တနင်္လာနေ့မှာ အဖွဲ့ချုပ်အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ကိုင်ရိုမြို့မှာ အစည်းအဝေးမပြုလုပ်ခင် ဆီးရီးယားအရေး နိုင်ငံတကာ ငြိမ်းချမ်းရေး သံတမန် လာသီဘရာဟီမီးနဲ့ အာရပ်အဖွဲ့ချုပ် ခေါင်းဆောင် နဗေးအီအရဗီ တို့ တွေ့ဆုံခဲ့ကြပါတယ်။ တနင်္ဂနွေနေ့တုန်းကတော့ ဆီးရီးယားသမ္မတ အာဆပ်ကို တိုက်ခိုက်နေတဲ့ အတိုက်အခံတွေအဖွဲ့တွေ စုစည်းပြီးတော့ ဖွဲ့လိုက်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် အလယ်အလတ် အယူအဆရှိတဲ့ ဘာသာရေးဆရာတစ်ဦးဖြစ်တဲ့ Maath al-Khatib ကို ခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်ကြပါတယ်။

တနင်္လာနေ့ ဒိုဟာမြို့မှာပြုလုပ်တဲ့ ဆီးရီးယားအတိုက်အခံ အဖွဲ့အစည်းရဲ့ အစည်းအဝေးအတွင်း စီးပွါးရေးသမား Riad Seif နဲ့ လူသိများထင်ရှားတဲ့ အမျိုးသမီး အရေးလှုပ်ရှားသူ Suhair al-Atassi တို့ ကို ညွန့်ပေါင်းအဖွဲ့ ရဲ့ ဒုတိယ ဥက္ကဌတွေအဖြစ် ရွေးချယ်လိုက်ကြပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ အတိုက်အခံအင်အားစုအဖွဲ့အပေါ် ထောက်ခံအားပေးမှုလုပ်ဆောင်ဖို့ မျှော်လင့်ထားတဲ့အကြောင်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံကို သွေးထွက်သံယို အုပ်ချုပ်နေတဲ့ အာဆပ်အုပ်ချုပ်ရေး အဆုံးသတ်ဖို့အတွက် အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ရဲ့ လုပ်ဆောင်မှုတွေကို
ထောက်ခံအားပေးသွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အတိုက်အခံညွန့်ပေါင်းအဖွဲ့ကတော့ သမ္မတအာဆပ်နဲ့ သူ့ရဲ့အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစကားပြောမှာမဟုတ်ဘူးလို့ပြောပါတယ်။
XS
SM
MD
LG