သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်လေယာဉ်ပျက် လူ ၄၀ ကျော်သေဆုံး


မုန်တိုင်းကြောင့် ရာသီဥတုဆိုးရွားနေချိန် အရေးပေါ် ဆင်းသက်ဖို့ ကြိုးစားခဲ့တဲ့ ထိုင်ဝမ် ခရီးသည်တင် လေယာဉ်တစင်း ပျက်ကျခဲ့လို့ လူ ၅၁ ယောက် သေဆုံးခဲ့ပြီး ၇ ယောက် ဒဏ်ရာရခဲ့တယ်လို့ မီးသတ်အရာရှိတဦးက ပြောပါတယ်။

ထိုင်ဝမ်ကျွန်းမှာ အင်္ဂါနေ့ မနက်အစောပိုင်းကစပြီး Matmo ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် မိုးအကြီးအကျယ် ရွာသွန်းမယ် ဆိုတာကို မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားတာပါ။

လေယာဉ်ဟာ မြို့တော် ထိုင်ပေကနေ တရုတ်ပြည်မကြီးနဲ့ ထိုင်ဝမ်လေလက်ကြားမှာရှိတဲ့ ထိုင်ဝမ်ကျွန်းကြား လမ်းတဝက် Penghu ကျွန်းဆီကို ပျံသန်းနေခဲ့တာပါ။ လေဆိပ်က ဓာတ်ပုံတချို့မှာတော့ လေယာဉ်အပျက်အစီးတွေကို အမှောင်ထဲမှာ မီးသတ်သမားတချို့က ဓာတ်မီးတွေနဲ့ လိုက်လံ ကြည့်ရှုနေတာကို တွေ့ရပါတယ်။

Penghu ကျွန်းဟာ လူဦးရေ နည်းပါးပြီး ထိုင်ပေကနေ တနေ့ကို ပျမ်းမျှ လေယာဉ် ၂ စင်းလောက်သာ ဆိုက်လေ့ရှိတဲ့ နေရာပါ။

အခု ပျက်ကျတဲ့လေယာဉ်မှာ ခရီးသည် ၅၄ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၄ ယောက် ပါဝင်ပြီး ထိုင်ဝမ်လေကြောင်းလိုင်း တခုဖြစ်တဲ့ TransAsia ကုမ္ပဏီပိုင် လေယာဉ်ဖြစ်တယ်လို့ အရပ်ဘက် လေကြောင်းဆိုင်ရာဌာနက ပြောဆိုတာကို ကိုးကားပြီး ထိုင်ဝမ် ဗဟို သတင်းအေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG