သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု ထိုင်းစစ်အရာရှိလေးဦးကို ဖမ်းဝရမ်းထုတ်


ထိုင်း-မလေးရှားနယ်စပ်က စွန့်ပစ်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေစခန်းချရာ နေရာ။
ထိုင်း-မလေးရှားနယ်စပ်က စွန့်ပစ်သွားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေစခန်းချရာ နေရာ။

ထိုင်းနိုင်ငံတောင်ပိုင်းက တရားရုံးတစ်ခုက ရိုဟင်ဂျာတွေကို လူကုန်ကူးမှုနဲ့ ဆက်နွယ်နေတဲ့ စစ်အရာရှိလေးဦးကို ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

တနင်္လာနေ့က ထိုင်းရဲအရာရှိချုပ် Paveen Pongsirin ရဲ့ ပြောကြားချက်အရ လူ ၁၆၃ ဦးကို ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားပြီး ဒီအထဲက လူ ၉ဝ ထိကို လာရောက်အဖမ်းခံလို့ ဒါမှမဟုတ် ဖမ်းဆီးရမိလို့ ထိန်းသိမ်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ မလေးရှားနယ်စပ်အနီးမှာ ရွှေ့ပြောင်းလာသူတွေကို သိုဝှက်ထားဖို့ ဖြစ်သလိုဆောက်ထားတဲ့ စခန်းတစ်ခုမှာ မြှုပ်နှံထားတဲ့ လူသေအလောင်း ၁၀၀ ကျော်ကို ရှာတွေ့ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့မေလကစလို့ ဖမ်းဆီးထိန်းသိမ်းမှုတွေ စလုပ်ခဲ့တာဖြစ်ပါတယ်။

ရိုဟင်ဂျာတွေဟာ နှိမ်ချဆက်ဆံခံရမှုကနေ လွတ်မြောက်ဖို့နဲ့ ပိုကောင်းတဲ့ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေဖို့ မြန်မာနိုင်ငံကနေ ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။

ဝရမ်းထုတ်ခံရတဲ့ သူတွေထဲမှာ ထိုင်း စစ်တပ်က ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဗိုလ်ကြီးနှစ်ဦးတို့ပါဝင်ခဲ့ပြီး သူတို့ဟာ သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ ဖွဲ့စည်းထားတဲ့ ပြည်တွင်းလုံခြုံရေး ဌာနရဲ့ လက်အောက်ကဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ရေတပ်က အရာရှိတစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဂျွန်လကလည်း လူကုန်ကူးမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် စစ်တပ်က ဗိုလ်ချုပ်တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

XS
SM
MD
LG