သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဗုံးခွဲမှု သံသယရှိသူကို ဖမ်းဆီးရမိ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဟိန္ဒူနတ်ကွန်းအနီး ဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် နတ်ဘုရားရုပ်တုမျက်နှာတော် ပျက်စီးသွားတဲ့မြင်ကွင်း။ (သြဂုတ် ၂၀၊ ၂၀၁၅)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ဟိန္ဒူနတ်ကွန်းအနီး ဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် နတ်ဘုရားရုပ်တုမျက်နှာတော် ပျက်စီးသွားတဲ့မြင်ကွင်း။ (သြဂုတ် ၂၀၊ ၂၀၁၅)

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပြင်က တိုက်ခန်းတခုမှာ ပတ်စ်ပို့စာအုပ်တွေ၊ ဗုံးလုပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့အတူ နိုင်ငံခြားသားတစ်ဦးကို မနေ့ စနေနေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်နီးပါးလောက်က ဘန်ကောက်မြို့ လေးမျက်နှာနတ်ကွန်းအနီးမှာ လူ ၂၀ လောက် သေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနောက်ပိုင်း အခုဖမ်းဆီးမှုဟာ အလားအလာရှိတဲ့ ပထမဆုံး ဖမ်းဆီးမှုဖြစ်ပါတယ်။ ဘန်ကောက်မြို့ပြင် အရှေ့ပိုင်းက သံသယရှိသူရဲ့တိုက်ခန်းကို ရဲနဲ့ စစ်သားတွေက ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စနေနေ့ညနေမှာပဲ ထိုင်းရုပ်သံလွှင့် ဌာနအားလုံးပေါ်ကနေ အဲဒီဖမ်းဆီးမှုကို ကြေညာခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ခေတ်သစ်ရာဇဝင်မှာ လူအများဆုံးသေဆုံးခဲ့တဲ့ တိုက်ခိုက်ခံရမှုလို့ အာဏာပိုင်တွေက ပြောဆိုတဲ့ ဒီဗုံးပေါက်ကွဲမှုအပြီး ၁၂ ရက်အကြာမှာ သူ့ကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

ဘန်ကောက်မြို့လယ် ဧရာဝဏ်နတ်ကွန်းအနီး ဗုံးပေါက်ကွဲမှုအတွင်း လူ ၂၀ သေဆုံးပြီး ၁၂ ယောက်ကျော် ဒဏ်ရာတွေရရှိခဲ့ကြတာပါ။ ဒီပေါက်ကွဲမှုအပြီး နောက်တရက် အများပြည်သူသုံး စက်လှေဆိပ်အနီး ဗုံးထပ်မံပေါက်ကွဲမှုမှာတော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။

XS
SM
MD
LG