သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာ နယ်စပ်ဆိုင်ရာ အစည်းအဝေး ပုဂံတွင်ကျင်းပမည်


ထိုင်း-မြန်မာ နှစ်နိုင်ငံကြားက မြဝတီချစ်ကြည်ရေးတံတား
ထိုင်း-မြန်မာ နှစ်နိုင်ငံကြားက မြဝတီချစ်ကြည်ရေးတံတား
ထိုင်း-မြန်မာနယ်စပ် ပြဿနာ အဖြေရှာရေး ဆွေးနွေးကြဖို့ မြန်မာအစိုးရက သဘောတူ လိုက်တဲ့အကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုလိုက်တယ်လို့ တနင်္လာနေ့ထုတ် Bangkok Post သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

ထိုင်း-မြန်မာပူးတွဲ နယ်စပ်ဒေသရေးရာ ကော်မတီ (JBC) အစည်းအဝေးကို ပုဂံမှာ အောက်တိုဘာလ အတွင်း ကျင်းပမှာဖြစ်တယ်လို့ JBC ပူးတွဲ ဥက္ကဋ္ဌ Vasin Teeravechyan က ပြောပါတယ်။ ချင်းရိုင် မြို့ Mae Fah Luang တက္ကသိုလ်မှာ ကျင်းပတဲ့ လာအို၊ မြန်မာ နဲ့ ထိုင်းကိုယ်စားလှယ်တွေရဲ့ နယ်စပ်အရေး နှီးနှောဖလှယ်ပွဲမှာ JBC ပူးတွဲ ဥက္ကဋ္ဌ မစ္စတာ Vasin က ပြောဆိုလိုက်တာပါ။
၃ နိုင်ငံ နယ်ခြားမျဉ်း ကြီးကြပ်ရေး ကိုယ်စားလှယ်တွေဟာ မစ္စတာ Vasin နဲ့ အတူ ထိုင်း-မြန်မာ နယ်စပ် Mae Sai-Nam Ruok မြစ် ဖြတ်ကူးတဲ့ ဒုတိယမြောက် ချစ်ကြည်ရေးတံတားကို သွားရောက် စစ်ဆေးခဲ့ပါတယ်။

ပုဂံမှာကျင်းမယ့် ထိုင်း-မြန်မာပူးတွဲ နယ်စပ်ဒေသရေးရာ ကော်မတီ အစည်းအဝေးမှာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ မြန်မာနိုင်ငံ မြဝတီမြို့အကြားက သောင်ရင်းမြစ်တလျှောက် ပြဿနာ အရပ်ရပ်ကို အဓိက ဆွေးနွေးမှာ ဖြစ်တယ်လို့ မစ္စတာ Vasin က ပြောပါတယ်။ နှစ်ဘက်စလုံးက လိုက်နာဖို့ လမ်းညွှန်ချက်တွေကို ဆွေးနွေးပြီး နားလည်းမှု စာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး မျှော်လင့်နေတယ် လို့လည်း ဆိုပါတယ်။ နယ်စပ် ပြဿနာကို နိုင်ငံရေးအတွက် အသုံးမချစေလိုကြောင်း၊ နယ်စပ်ဂိတ်တွေ မကြာခဏပိတ်ခြင်း အားဖြင့် နယ်စပ်ဒေသ ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ထိခိုက် နစ်နာစေတယ်လို့ မစ္စတာ Vasin ကပြောတဲ့အကြောင်း ဘန်ကောက်ပို့စ် သတင်းစားက ရေးသားထားပါတယ်။

တချိန်တည်းမှာပဲ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝပ် (Thaksin Shinawatra) ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ အတွင်း လာရောက်ဖို့ရှိတယ်လို့ Pheu Thai ပါတီက အမတ် Nakhon Ratchasima Suchart Pinyo က မနေ့က တနင်္ဂနွေနေ့က ပြောဆိုလိုက်ပြီး ဘာကိစ္စနဲ့ မြန်မာနိုင်ငံကို သွားမှာလဲ ဆိုတာကိုတော့ ပြောဆိုခြင်း မရှိဘူးလို့ ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။

Pheu Thai ပါတီက အမတ်တွေ၊ အနီဝတ် တက်ဆင် ထောက်ခံသူတွေ အတော်များများ တဦးချင်းအနေနဲ့ရော အုပ်စုလိုက်ပါ မစ္စတာ တက်ဆင် ကိုတွေ့ဖို့ မြန်မာပြည်ကို သွားကြဖို့ရှိတယ်လို့ မစ္စတာ Pinyo ကပြောပါတယ်။
XS
SM
MD
LG