သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ထိုင်းဆန္ဒပြသမား ၄ဝ နီးပါး ဖမ်းဆီးခံရ


လာဘ်စားမှု တိုက်ဖျက်ရေး ဘန်ကောက်မြို့တွင် ဆန့်ကျင်ဆန္ဒပြနေ။ (ဇွန် ၂၄၊ ၂၀၁၅)
လာဘ်စားမှု တိုက်ဖျက်ရေး ဘန်ကောက်မြို့တွင် ဆန့်ကျင်ဆန္ဒပြနေ။ (ဇွန် ၂၄၊ ၂၀၁၅)

လာဘ်စားမှု ဆန့်ကျင်ဆန္ဒပြမှုတရပ်ကို ထိုင်း စစ်အစိုးရက နှိမ်နင်းခဲ့ပြီး ကျောင်းသားနဲ့ အရပ်သား ၄၀ နီးပါးလောက်ကို ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။

ဒီဆန္ဒပြသူတွေဟာ လာဘ်စားမှုတွေမှာ ပါဝင်ခဲ့တဲ့ အဆင့်မြင့်အရာရှိတွေရဲ့ ငွေနဲ့ ဆောက်လုပ်ထားတယ်လို့ စွပ်ဆွဲထားတဲ့ ကွယ်လွန်ခဲ့ပြီးတဲ့ ဘုရင်တွေကို ဂုဏ်ပြုထားတဲ့ ပန်းခြံစီကို သွားနေစဉ်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာပါ။

ပင်လယ်ကမ်းခြေမြို့ဖြစ်တဲ့ ဟွာဟင်မှာ တည်ရှိတဲ့ Rajabhakti ပန်းခြံစီကို သွားနေစဉ် ဆန္ဒပြသူတွေစီးနင်းလာတဲ့ ရထားတွဲတွေကို အာဏာပိုင်တွေကဖြုတ်ချပြီး ခရီးစဉ် ဆက်မသွားနိုင်အောင် ဟန့်တားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူတို့ကို ဖမ်းဆီးခဲ့ပြီး ပန်းခြံကိုလည်း ပိတ်ပစ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် စစ်အာဏာသိမ်းပြီးကတည်းက စစ်အစိုးရဟာ လာဘ်စားမှုတိုက်ဖျက်ရေးအတွက် ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလည်းဖို့ ကတိပေးထားတာပါ။ နို

င်ငံရေးသမားတွေအပေါ် ဒီကိစ္စနဲ့ ပါတ်သတ်ပြီး စွပ်စွဲပစ်တင်ခဲ့တဲ့ အစိုးရဟာ လာဘ်စားမှုတိုက်ဖျက်ရေး ဆန့်ကျင်ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တာကြောင့် ဒီကိစ္စအပေါ် လူအများက စိတ်ဝင်စားနေကြပါတယ်။

ထိုင်းစစ်ဖက်အရာရှိတွေဟာ ဒီပန်းခြံတည်ဆောက်ရေးမှာ ပါဝင်တယ်ဆိုပြီး စွပ်ဆွဲမှုတွေ ထွက်ပေါ်နေပေမယ့် အာဏာပိုင်တွေကဘက်ကတော့ ငြင်းဆန်ထားပါတယ်။ ကွယ်လွန်ခဲ့ပြီးတဲ့ ထိုင်း ဘုရင် ၇ ပါးရဲ့ ရုပ်ထုကြီးတွေကို ဒီပန်းခြံမှာ ဆောက်လုပ်ခဲ့တာပါ။

XS
SM
MD
LG