သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇မှာ ထိုင်း ရွေးကောက်ပွဲ ကျင်းပမည်


၂၀၁၄ တုန်းက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ။
၂၀၁၄ တုန်းက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ။

ထိုင်းနိုင်ငံမှာ ဒီနှစ်ကုန်ပိုင်း ကျင်းပမယ့် လူထု ဆန္ဒခံယူပွဲမှာ အဆိုပြုထားတဲ့ အခြေခံ ဥပဒေကို မဲဆန္ဒရှင်တွေ ပယ်ချခဲ့ရင်လည်း အထွေထွေ ရွေးကောက်ပွဲတွေကိုတော့ လာမယ့် ၂၀၁၇ ခုနှစ်မှာ ကျင်းပမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

သွေးထွက်သံယို မရှိခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက စစ်အာဏာ သိမ်းပြီးနောက် နိုင်ငံအာဏာကို ရယူခဲ့တဲ့ စစ်တပ် အကြီးအကဲဟောင်း ဝန်ကြီးချုပ် Prayuth Chan-o-cha က ဒီကနေ့ အင်္ဂါနေ့ ဘန်ကောက်မြို့တော်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လူထု ဆန္ဒခံယူပွဲမှာ အခြေခံ ဥပဒေသစ်ကို အတည်ပြုနိုင်မှ ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ အစိုးရက အရင်က ကတိပြု ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ ထောက်ခံမှု ရရှိထားတဲ့ တော်ဝင် မိသားစုကို ထောက်ခံသူတွေနဲ့ လူကြိုက်များတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ထောက်ခံသူတွေကြား ပဋိပက္ခတွေနဲ့ ဆယ်စုနှစ်တခုကျော်ကြာ နိုင်ငံရေး ရှုပ်ထွေးမှုတွေ၊ မတည်မငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံ အထိနာခဲ့ရပါတယ်။

ဒီအငြိုးအတေးတွေကြောင့် စစ်အာဏာသိမ်းမှု ၂ ခု ဖြစ်ခဲ့ပြီး အကြမ်းဖက်မှုတွေ၊ လူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့ လမ်းပေါ်ထွက် ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ အခု အသစ် ပြဌာန်းဖို့ ရှိနေတဲ့ အခြေခံ ဥပဒေဟာဆိုရင်လည်း ၁၉၃၂ ခုနှစ် ထိုင်းနိုင်ငံရဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို အဆုံးသတ်လိုက်ပြီးနောက်ပိုင်း အကြိမ် ၂၀ မြောက် အခြေခံ ဥပဒေ ဖြစ်လာမှာပါ။

XS
SM
MD
LG