သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား တချို့ ဗြိတိန် ၂ဦး သတ်ဖြတ်မှုအတွက် သံသယရှိ


ထိုင်း သတင်းတွေမှာ ဖော်ပြနေတဲ့ ဝန်ခံတယ်ဆိုပြီး အစွပ်စွဲခံရတဲ့ မြန်မာ ကို ဖမ်းလာပုံ ။
ထိုင်း သတင်းတွေမှာ ဖော်ပြနေတဲ့ ဝန်ခံတယ်ဆိုပြီး အစွပ်စွဲခံရတဲ့ မြန်မာ ကို ဖမ်းလာပုံ ။

ထိုင်းနိုင်ငံ ကော့တောင်လို့ ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ဦးအား သတ်ဖြတ်သူတွေရဲ့DNA ကို ခြေရာခံ မိထားပြီလို့ ထိုင်းရဲတပ်ဖွဲက မနေ့က အောက်တိုဘာလ ၂ရက်နေ့မှာ ပြောဆိုခဲ့သလို ထိုင်း သတင်းတွေမှာတော့ သတ်ဖြတ်သူလို့ သံသယ ရှိတွေဟာ မြန်မာနိုင်ငံသား ၃ဦးဖြစ်ပြီး တဦးက စတင် ဝန်ခံပြောဆိုကြောင်း သတင်းတွေမှာ ဖေါ်ပြနေကြ ပါတယ်။ ဌာနေ ရဲတွေကတော့ ဒီကနေ့ သောကြာနေ့မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အတိအကျပြောဆိုမယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင်ကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်းကို လာရောက် လည်ပတ်တဲ့ ခရီးသွား ၂ဦး သတ်ဖြတ်ခံရမူနဲ့ ပါတ်သက်ပြီး အဲ့ဒီဒေသမှာ ရှိတဲ့ ထောင်နဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေဟာ DNA စစ်ဆေးတာခံနေရပါတယ်။

အသက် ၂၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ မစ္စ Hannah နဲ့ အသက် ၂၄ နှစ်အရွယ် ဗြိတိန်နိုင်ငံသား David Miller တို့ဟာ စက်တင်ဘာလ ၁၅ ရက်နေ့က အသတ်ဖြတ် ခံခဲ့ ရတာဖြစ်ပြီး လူသတ်မူဖြစ်ရာ နေရာတဝိုက်မှာ တွေ့ရှိတဲ့ ဆေးလိပ်မှာတွေ့ရတဲ့ DNA ကို ရဲတွေက စစ်ဆေးနေသလို အသတ်ခံရသူ အမျိုးသမီးရဲ့ကိုယ်ခန္ဓာထဲမှာ ကျန်ခဲ့တဲ့ သုတ်သွေး DNA ကိုလည်း ရဲတွေက ခြေရာခံ ရှာဖွေနေကြ တာဖြစ်ပါတယ်။

၂ပတ်ကျော်ကြာနေပြိးဖြစ်တာကြောင့် တရားခံတွေ ကို ဖမ်းမိရေး အတွက် ထိုင်းရဲတပ်ဖွဲ့တွေဟာ ဖိအားတွေ အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ် ။ တရားခံအဖြစ် စွတ်စွဲသုံးဦးကို စစ်ဆေးမေးမြန်းနေကြောင်းနဲ့ သူတို့ ဆီက ဒီလူသတ်မှုနဲ့ ပါတ်သက်ပြီး အရေးကြီးတဲ့ အချက်အလက်တွေ ရတယ်လို့ ထိုင်းရဲက ပြောပါတယ်။

အောက်တိုဘာ ၂ရက်နေ့ညနေပိုင်းသတင်းတွေမှာတော့ ကော့တောင်ကျွန်းက လူသတ်မှုမှာမြန်မာနိုင်ငံသားတွေ ဝန်ခံလိုက်ပြီ ဆိုတဲ့သတင်းတွေ အပြင် ၂ဦကို ကျွန်းမှာပဲဖမ်းမိပြီး တဦးကိုတော့ စူရပ်ဌာနီ ခရိုင်ထဲမှာ ဖမ်းမိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ကျွန်းက မြန်မာတွေကတော့ သတ်ဖြတ်မူ ကျူးလွန်သူတွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်တယ်လို့ ဆိုတာ လက်မခံနိုင်ကြသေးဘူးလို့ အလုပ်သမားတဦးက ဆိုပါတယ်။

" အဲ့တာကတော့ ဝန်ခံတယ်လို့လည်း အတိအကျမဟုတ်သေးပါဘူး အမရယ်။ မနက်ဖြန်မှ အတိအကျ သိရပါမယ်။ ဒီနေ့ကတော့ ဘာမှ အတိအကျ မသိရသေးဘူး။ လူတွေကတော့ နည်းနည်း စိတ်ဝင်စားတာပေါ့နော်။ စိတ်ဝင်စားပေမဲ့ ဗမာအများစု ကတော့ လက်မခံသေးဘူး။ မနက်ဖြန် သူတို့ သွေးတွေ ဘာတွေ အကုန်လုံး စစ်မယ်ပေါ့နော်။ "

ရာနဲ့ချီရှိတဲ့ အဖမ်းဆီးတွေ အတွင်း အခုရက်ပိုင်းအတွင်း ဖမ်းဆီးခံ ထားရသူေတွေ ကတော့ပြန်လွတ်ပေးတာမျိုး မလုပ်တော့တဲ့ အတွက် စိုးရိမ် ပူပင်နေကြောင်း ကော့တောင်းကျွန်းက အလုပ်သမားတဦး က ဆိုပါတယ်။

"အေးဗျ။ ဒီမှာက အခုက ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ အကုန် လိုက်ဖမ်းနေတာဗျာ။ လိုက်ဖမ်းနေတော့ လိုက်ဖမ်းနေတာဆို ဟိုလူ့လိုက်ဖမ်းနဲ့ ဟိုး မှာ စာကြည့်တိုက် ဘေးနားက ခြောက်ယောက်ကြီးတောင် ဖမ်းသွားတယ်ဗျ။ ကျနော့်အခန်းဘေးနားက နှစ်ယောက်လည်း အခုအချိန်အထိ မလွတ်သေးဘူး။ လက်ရှိက ဘယ်လိုမျိုးဖြစ်မလဲ ကျနော်တို့လည်း မသိတော့ဘူး။ ကျနော်တို့ အခန်းဘေးနားက ဗမာနှစ်ယောက် ဖမ်းသွားတာဆို အခုထက်ထိ မလွတ်သေးဘူး။ ပြီးလို့ရှိရင် ဖမ်းထားတာတွေက မလွတ်သေးဘူး။ လေး၊ငါး ခြောက်ရက်လောက် ရှိသွားပြီ အခုအချိန်အထိ မလွတ်သေးဘူး။ ဟိုးအရင်တုန်းက ဖမ်းပြီးရင် လွှတ်တယ်။ အခုက မလွှတ်ဘူးဗျ။ ဖမ်းပြီးရင်။ မနေ့ညကလည်း ခြောက်ယောက်ဖမ်းသွားတယ်။ အဲ့တာ ဘာသတင်းအစအနမှ မရသေးဘူး။"

ထိုင်းသတင်းတွေမှာတော့ အသက် ၂၀ကျော်အရွယ် လူငယ် ၃ဦးကို ဖမ်းမိထားပြီး လူသတ်တာကို ဝန်ခံပြောဆိုနေပြီ ဆိုပြီး သတင်း ထုတ်လွှင့်နေပေမဲ့ ရဲကတော့ မြန်မာ ၃ဦး သတ်ဖြတ်တယ် ဆိုတာ ဟုတ်မဟုတ် သတင်းထောက်တွေ က မေးတဲ့အခါမှာ ဒုတိယ ရဲချုပ်ကြီး မစ္စတာ CHAKTIT ကတော့ ထောင်နဲ့ ချီ ရှိတဲ့လူတွေကို DNA စစ်ဆေးရယူနေတာကြောင့် သူတို့ အမူဟာ ကြန့်ကြာနေကြောင်း အောက်တိုဘာ ၃ရက်နေမှာ သတင်းစာ ရှင်းလင်းပွဲလုပ်ပြိး မှ အတိအကျ ထုတ်ပြန်မယ်လို့ ပြောဆိုနေတာပါ ။ ။

ကော့တောင်ကျွန်းမှာတော့ လူသတ်မူကို ကျုးလွန်သူတွေဟာ ရွှေ့ပြောင်း လုပ်သားတွေ ဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်နေပြိး ထိုင်းနိုင်ငံမှာ လူအများက စိတ်ဝင်စားနေကြတာပါ ။

အခု ဗြိတိသျှနိုင်ငံသား ၂ဦး သတ်ဖြတ်ခံရတဲ့ ကျွန်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ထောင်လောက်နေထိုင်နေကြပြီး ပန်းရံလုပ်ငန်း ဟိုတယ်ဝန်ထမ်း စာသောက်ဆိုင် ဝန်ထမ်းတွေအဖြစ် အလုပ်လုပ်ကိုင်ကြသူတွေများပါတယ်။

XS
SM
MD
LG