ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ လူအုပ် အတွင်းကို စနေနေ့က အမည်မသိ သေနတ်သမား အနည်းဆုံးတယောက် ဒါမှမဟုတ် တယောက်ထက် ပိုသူတွေက ပစ်ခတ်သွားတဲ့အတွက် လူတဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရရှိသွားတယ်လို့ ထိုင်းအစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။
အစိုးရရုံးအနီးတဝိုက် ညလုံးပေါက်ဆန္ဒပြနေကြတဲ့ လူအုပ်ကြီးထဲကို ဘေးကနေဖြတ်သွားတဲ့ ကားတစီးထဲကနေ ပစ်ခတ်သွားတာဖြစ်တယ်လို့ မျက်မြင်တွေ့သူတချို့ကပြောပါတယ်။
ခုချိန်အထိတော့ တိုက်ခိုက်သွားသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ရဲက ဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ အစိုးရအပေါ် ထောက်ခံသူတွေကိုကော အတိုက်ခံတွေ နှစ်ဖက်စလုံး သည်းခံချုပ်တည်းကြဖို့ ထိုင်းကြည်းတပ်ရဲ့ ဦးစီးချုပ်က သောကြာနေ့မှာ တိုက်တွန်းခဲ့ပြီးတဲ့နောက်မှာ အခုလို တိုက်ခိုက်မှု ဖြစ်ပေါ်လာတာပါ။
ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ကို အဂတိ လိုက်စားတယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ နုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ရက်သတ္တပတ် အတန်ကြာ ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ကတော့ နုတ်ထွက်ပေးဖို့ ငြင်းဆိုပြီး ပါလီမန်ကို ဖျက်သိမ်းပေးလိုက်ပြီး ရွေးကောက်ပွဲအသစ်ကို လာမယ့် ဖေဖေါ်ဝါရီလထဲမှာ ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။
ဒုတိယ ဝန်ကြီးချုပ် စူရာဖုန် ထဝိချတ်ကရာခူ ကတော့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေ မှတ်ပုံတင် စာရင်း ပေးသွင်းတာကို အဆင်ပြေအောင် လုံခြုံရေး အကူညီပေးဖို့ စနေနေ့မှာ စစ်တပ်ကို မေတ္တာရပ်ခံခဲ့ပါတယ်။