သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ဆင်ဆန့်ကျင်သူများ ထိုင်းအစိုးရကို ဆန္ဒပြဖို့ပြင်ဆင်


ထိုင်းတက်ကြွလှုပ်ရှားသူများ။
ထိုင်းတက်ကြွလှုပ်ရှားသူများ။
ထိုင်းနိုင်ငံမှာ ဖြုတ်ချခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်အောင် ပါလီမန်မှာ လုပ်ဆောင်နေတဲ့အတွက် ဘန်ကောက်မြို့တော်မှာ အခုသီတင်းပတ်အတွင်း လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ဖြစ်ပေါ် လာနိုင်ခြေရှိသလို အဓိကရုဏ်းတွေလည်း ဖြစ်ပေါ် လာနိုင်တဲ့ အနေအထားရှိနေပါတယ်။

သူတို့ကိုယ်သူတို့ တက်ဆင် အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့ ပြည်သူ့စစ်တပ်လို့ အမည်ပေးထားတဲ့ ဆန္ဒပြသူတွေဟာ ဘန်ကောက်မြို့တော်က ဥယျာဉ်တခုအတွင်း ဒီကနေ့ တနင်္ဂနွေနေ့မှာ စုဝေးခဲ့ကြပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့ကြရင် ၂၀၀၆ ခုနှစ် အာဏာသိမ်းစဉ်က နိုင်ငံရေးလှုပ်ရှားမှုအတွက် ဖမ်းဆီးထိမ်းသိန်းထားသူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး ပါလီမန်မှာ အခြေအတင် ဆွေးနွေးမှု စတင်ပြုလုပ်ချိန်မှာ ဆန္ဒပြပွဲတွေ ပိုပြီး ဖြစ်ပွားလာဖွယ် ရှိနေတာပါ။

၂၀၀၆ ခုနှစ်က အဂတိလိုက်စားမှု၊ ဘုရင်အပေါ် မလေးမစားပြုလုပ်မှု စတာတွေနဲ့ စစ်တပ်က မစ္စတာ တက်ဆင်ကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့ပါတယ်။
နောက်ပိုင်းမှာ တက်ဆင်ရှင်နာဝပ်ကို ကိုယ်ကျိုးစီးပွား လုပ်ဆောင်ခဲ့ မှုကြောင့် ထောင်ဒဏ် ၂ နှစ် အပြစ်ပေးခဲ့ပါတယ်။ အဲဒီနောက် တက်ဆင် ကလည်း ပြည်ပကို တိမ်းရှောင်နေခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ ပါလီမန်မှာဆွေးနွေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးကိစ္စဟာ မစ္စတာ တက်ဆင် နဲ့တော့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ အဲဒီလုပ်ဆောင်မှုကနေတဆင့် မစ္စတာ တက်ဆင်ကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်တဲ့ အနေအထားမျိုး ဖြစ်လာမှာကို သူ့အပေါ် ဆန့်ကျင်သူတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။
XS
SM
MD
LG