သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လှေစီးပြေးရိုဟင်ဂျာ ထိုင်းပစ်သတ်သလား


ထိုင်းအာဏာပိုင်တွေ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ထိုင်းအာဏာပိုင်တွေ ထိန်းသိမ်းခြင်းခံရတဲ့ ရိုဟင်ဂျာဒုက္ခသည်များ (ဇန်နဝါရီ ၁၊ ၂၀၁၃)
ရိုဟင်ဂျာ လှေစီးပြေးဒုက္ခသည်တစုကို ထိုင်းရေတပ်က ပစ်ခတ်တာကြောင့် လူနှစ်ယောက် ထက်မနည်း သေဆုံးသွားတယ်လို့ စွပ်စွဲထားတဲ့ဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေး
စောင့်ကြည့် လေ့လာရေးအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့လမှာ လှေနဲ့ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၀ လောက်ကို ပင်လယ်ထဲ ပြန်မောင်းထုတ်ဖို့ လုပ်တဲ့အနေနဲ့ ထိုင်းရေတပ်က ပစ်ခတ်ခဲ့တယ်ဆိုတာ သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုတခုကနေ တွေ့ခဲ့တယ်လို့ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့က ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်တာပါ။ ထိုင်းနိုင်ငံကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ထားပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်မှာ လူမျိုးစုချင်းကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ မကြာသေးခင် လတွေအတွင်း ဖြစ်ခဲ့ပြီးတဲ့နောက် လှေနဲ့ ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ ပိုများလာပါတယ်။

အဲ့ဒီပဋိပက္ခတွေ မဖြစ်ခင်တုန်းကတည်း က ခွဲခြားဆက်ဆံခံရတာတွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးကြတာတွေရှိခဲ့တာပါ။

ထိုင်းနိုင်ငံကမ်းခြေတွေဆီ ရောက်သွားသူတွေကို ထိုင်းနိုင်ငံက လက်မခံပါဘူး။ လှေတွေကို ပင်လယ်ထဲမှာ ကြားဖြတ်ဟန့်တားပြီး အစားအစာနဲ့ လိုအပ်တဲ့ အထောက်အပံ့တွေ ပေးပြီးတော့ သူတို့ခရီးလမ်း ဆက်သွားအောင်လုပ်ဖို့ ထိုင်းရေတပ်ကို ညွှန်ကြားထားပါတယ်။

အဲ့ဒီလို ပင်လယ်ထဲ ပြန်မောင်းထုတ်တာကို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ က ဝေဖန်ထားပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ထိုင်းအစိုးရ က အကာအကွယ်ပေးဖို့ ပျက်ကွက်တယ်လို့ ပြောပါတယ်။
XS
SM
MD
LG