သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အမှုဆိုင်ဖို့ပြင်ဆင်


ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အထူးစုံစမ်းရေးဌာနသို့ အမူရင်ဆိုင်ရင် ရောက်ရှိစဉ် ဒီဇင်ဘာ ၁၃၊ ၂၀၁၂။
ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit အထူးစုံစမ်းရေးဌာနသို့ အမူရင်ဆိုင်ရင် ရောက်ရှိစဉ် ဒီဇင်ဘာ ၁၃၊ ၂၀၁၂။
ထိုင်းနိုင်ငံမှာ ၂၀၁၀ ခုနှစ်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို အကြမ်းဖက် နှိမ်နင်းဖြိုခွဲခဲ့တဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတာကို ရင်ဆိုင်ဖို့အတွက် ထိုင်းဝန်ကြီးချုပ်ဟောင်း Abhisit Vejjajiva ဟာ ရဲတပ်ဖွဲ့ကို သွားရောက်ပြီး အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ ၂၀၀၆ ခုနှစ်က အာဏာသိမ်း ဖြုတ်ချခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် အပေါ် ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေအကြား ဖြစ်ပွားနေတဲ့ နိုင်ငံရေး တိုက်ပွဲကနေ ထွက်ပေါ်လာတဲ့ နောက်ဆုံး ဖြစ်ရပ်တခု ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်တုံးက ဆန္ဒပြသူတွေဟာ မစ္စတာတာ့ဆင်ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ အဲဒီအချိန်က ဝန်ကြီးချုပ် မစ္စတာ Abhisit အစိုးရဟာ တရားမဝင်ဘူး လို့ ပြောဆိုပြီး ရွေးကောက်ပွဲ စောပြီးကျင်းပပေးဖို့တောင်းဆို ဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲကို ဖြိုခွဲခဲ့ရာမှာ လူပေါင်း ၉၀ ကျော် သေဆုံးပြီး ၁၈၀၀ လောက် ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ဒါဟာ ထိုင်းနိုင်ငံမှာ ၁၀ စုနှစ် တခုအတွင်း အဆိုးရွားဆုံး နိုင်ငံရေး အထိကရုဏ်း ဖြစ်ခဲ့တာပါ။ မစ္စတာ အဘီဆစ် အနေနဲ့ ဆန္ဒပြမှုကို ဖြိုခွဲဖို့ အင်အားအလွန်အကျွံ အသုံးပြုဖို့ အမိန့်ပေးခဲ့တယ်ဆိုပြီး အထူးစုံစမ်းစစ်ဆေးရေး ဌာနက စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG