သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းပုဇွန် လုပ်ငန်းက လူ့အခွင့်အရေး ချိုးဖောက်မှု အာဏာပိုင်တွေ တုံ့ပြန်


ထိုင်းနိုင်ငံက ပုဇွန် လုပ်ငန်းခွင်။
ထိုင်းနိုင်ငံက ပုဇွန် လုပ်ငန်းခွင်။

ရေထွက်ပစ္စည်း ပုဇွန်လုပ်ငန်းခွင်တွေမှာ ကျေးကျွန်သဖွယ်ခိုင်းစေမှု၊ အတင်းအကျပ် အဓမ္မစေခိုင်းမှုတွေကို လစ်လျူရှုထားမှာ မဟုတ်ဘူးလို့ထိုင်းအစိုးရက ဒီကနေ့ ပြောဆို လိုက်ပါတယ်။ ထိုင်းနိုင်ငံ ပုဇွန်လုပ်ငန်းခွင်က စုံစမ်းတွေ့ရှိချက်တွေကို လွန်ခဲ့တဲ့ သီတင်းပါတ်တုန်းက AP သတင်းဌာနက ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန် ဥရောပနဲ့ သြစတေးလျအပါအဝင် ကမ္ဘာတဝှမ်းက ဒီအခြေအနေအပေါ် အံ့အားသင့် တုန်လှုပ်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့အေပီရဲ့သတင်းထုတ်ပြန်ချိန် မတိုင်မှီကတည်းက ထိုင်းအစိုးရ အနေနဲ့ ဒီလုပ်ငန်းခွင်က အခြေအနေတွေကို သိထားပြီးတယ်လို့ ထိုင်း ရဲအရာရှိတွေ၊ ရေတပ် နဲ့ တခြား အရာရှိတွေခြံရံပြီး အစိုးရပြောခွင့်ရ Sansern Kaewkamnerd က ပြောပါတယ်။ အေပီသတင်းဌာနရဲ့ တင်ပြမှုဟာ မှန်ကုန်မှုမရှိဘဲ ဒီလို အခြေအနေတွေကို အစိုးရက အရင်ဆုံး သိခဲ့တာလို့လည်း ဆိုပါတယ်။

နိုင်ငံတကာမှာ ထိုင်းနိုင်ငံဟာ ပုဇွန် အဓိက အများဆုံးတင်ပို့ ရောင်းချတဲ့ နိုင်ငံတွေ မှာ ပါဝင်ပြီးရေထွက်လုပ်ငန်းကနေ နှစ်စဉ် ၇ ဘီလျံလောက် ရရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ အေပီက ထုတ်ပြန်တဲ့ သတင်းမှာ မြန်မာနိုင်ငံက တရားဝင် စာရွက်စာတမ်း မရှိဘဲ ရွှေ့ပြောင်း ဝင်ရောက်လာသူ အတော်များများကို ဒီလုပ်ငန်းတွေမှာ ခိုင်းစေ ထားတယ်ဆိုပြီး ဖေါ်ပြထားပါတယ်။ အလုပ်သမာတွေဟာ လိမ်လည် လှည့်ဖြားခံရပြီး ပုဇွန်အခွံခွါတဲ့လုပ်ငန်းတွေမှာရောင်းချခံခဲ့ရတာပါ။

ဒီလုပ်သားတွေဟာ တရက်ကို ၁၆ နာရီလောက် အလုပ်ခိုင်းစေခံရပြီး အလုပ်နားရက် မရှိသလို လုပ်အားခမရတာ ဒါမှမဟုတ် အနည်းငယ်သာ ရရှိတယ် လို့ အေပီသတင်းမှာ ဖေါ်ပြ ထားပါတယ်။ နောက် အဲဒီထဲက လုပ်သား အများစုဟာ ကုမ္ပဏီကို အကြွေးပြန်ဆပ်ရပါတယ်။ ကုမ္ပဏီက လုပ်သားတွေ ဝယ်ရတဲ့ငွေကို ဒီလုပ်သားတွေ ရရှိတဲ့ဝင်ငွေထဲကနေ ပြန်ဖြတ်ယူတာပါ။

တချို့လုပ်သားတွေဆိုလျင်လည်း ဖမ်းဆီးချုပ်နှောင်မှုကို ခံထားရသလို အပြင်သွားချင်တဲ့ သူတွေဆိုလျင်လည်း သူတို့ ကလေးတွေ ဇနီးတွေကို နောက်မှာ ချန်ထားခဲ့ရပါတယ်။ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အစိုးရ အရာရှိတွေက အခုလို အတင်းအဓမ္မ စေခိုင်းမှုတွေ ရှိနေတယ်ဆိုတာကို ငြင်းဆန်ခြင်းမရှိပေမယ့် AP သတင်းထဲက ရဲတွေ လာဘ်ယူပြီး ဒီလိုအခြေအနေတွေ ကို မသိကျိုးကျွန်ပြုနေတာ ဆိုတဲ့အချက်တွေကိုတော့ လက်မခံနိုင်ကြောင်း ပြောဆိုပါတယ်။

XS
SM
MD
LG