သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု သံသယရှိသူ တရားခံတွေကို ထိုင်း တရားစွဲ


မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ်က ရွှေ့ပြောင်း အခြေချသူတွေ လို့ ယူဆရတဲ့ ရုပ်အလောင်းတွေကို ထိုင်း-မလေးရှားနယ်စပ်မှာ တွေ့ရှိပြီးတဲ့နောက် ထိုင်းနိုင်ငံကလူကုန်ကူးမူ တိုက်ဖျက်ရေးတွေ လုပ်ငန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့။
မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ်က ရွှေ့ပြောင်း အခြေချသူတွေ လို့ ယူဆရတဲ့ ရုပ်အလောင်းတွေကို ထိုင်း-မလေးရှားနယ်စပ်မှာ တွေ့ရှိပြီးတဲ့နောက် ထိုင်းနိုင်ငံကလူကုန်ကူးမူ တိုက်ဖျက်ရေးတွေ လုပ်ငန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့။

မြန်မာနိုင်ငံသားတွေ အပါအဝင် အရှေ့တောင် အာရှဒေသတွေက ရွှေ့ပြောင်း အခြေချသူတွေကို လူကုန်ကူးရာမှာ အဓိက ပါဝင်ပတ်သက်သူတွေလို့စွပ်စွဲပြီး ဖမ်းဆီးထားသူ လူ ၇၂ ဦး ကို တရားစွဲဆိုလိုက်ကြောင်း ထိုင်းနိုင်ငံဘက်က သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီထဲမှာ ပြည်ပ ထွက်ပြေး တိမ်းရှောင် သူတွေကို လည်း ဖမ်းဆီးနိုင်ဖို့ အတွက် နိုင်ငံအချင်းချင်း ပူပေါင်းဆောင်ရွက် တာမျိုးတွေ လုပ်ဆောင်တာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ အခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေရှ်က ရွှေ့ပြောင်း အခြေချသူတွေလို့ ယူဆရတဲ့ ရုပ်အလောင်းတွေကို ထိုင်းနိုင်ငံမှာ တွေ့ရှိပြီးတဲ့နောက် ထိုင်းနိုင်ငံကလူကုန်ကူးမူ တိုက်ဖျက်ရေးတွေ လုပ်ငန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်ခဲ့ပြီး ထိုင်းစစ်တပ်က အကြီးအကဲတဦး အပါအဝင် လူ၇၀ကျော် ဖမ်းဆီးခဲ့တာပါ။ လူကုန်ကူးမူမှာ ပါဝင်ပတ်သက်သူ ၁၀၀ကျော် ရှိတယ်လို့ သတင်းထုတ်ပြန်ထားပြိး တချို့ကိုတော့ ဖမ်းဝရမ်း ထုတ်ထားတယ်လို့ ဆိုပါတယ်။

ဒီထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သတင်းတွေ မှာ ဖော်ပြခဲ့ ပါတယ်။ မြန်မာနိုင်ငံ လူကုန်ကူးမူ တားဆီးနှိမ်နင်ရေးရဲတပ်ဖွဲက ရဲမူးကြီး ဝင်းနိုင်ထွန်း ကတော့ ထိုင်းနဲ့ မြန်မာတို့ ဟာ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး နဲ့ ပတ်သက်လို့ နှစ်နိုင်ငံ အပြန်အလှန် လုပ်ဆောင်မှုတွေရှိခဲ့ကြောင်းနဲ့ လက်ရှိမှာတော့ ဝရမ်းထုတ်ခံထားရသူတွေကို ဖမ်းဆီးပေးဖို့ ကမ်းလှမ်းတာတွေ မရှိသေးကြောင်း အခုလိုပြောပါတယ်။

"သူတို့ ဟိုတလောတုန်းကတော့ မေလထဲမှာတုန်းကတော့ သူတို့ဆီက တယောက်ကို သူတို့ဆီက တရားရုံးကနေ ဖမ်းဝရမ်းတွေနဲ့ပေးပြီး ဖမ်းခိုင်းလို့ ကျနော်တို့ တယောက် ဖမ်းပေးလိုက်တာရှိတယ်။ အဲ့တာနဲ့ မီဒီယာတွေထဲမှာ အားလုံးဖော်ပြပြီးသားပါ။ မေလ ၂၇ရက်နေ့က သူတို့ အလိုရှိတဲ့သူ တယောက်ပေါ့နော်။ နောက် ကျနော်တို့နဲ့လည်း ဒီဘက်မှာလည်း ကျူးလွန်တဲ့သူ တယောက်ဖြစ်တဲ့အတွက် အရေးယူလိုက်တာတွေရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ဟိုဘက်က ကမ်းလှမ်းတာမျိုးတွေ ဖမ်းဝရမ်းတွေနဲ့ Request လုပ်တာမျိုးတွေတော့ မရှိသေးဘူး။ နောက်တခုက ကျနော်တို့ဆီက Myanmar Delegation အဖွဲ့လည်း လောလောဆည် ထိုင်းမှာ ၂၁ရက်နေ့က ဆွေးနွေးနေ တာတွေရှိတယ်။ အဲ့ဒီ့အဖွဲ့တွေလည်း ပြန်မလာသေး ဘူး။ ဆွေးနွေးနေကြဆဲပဲ။ ခြောက်လတစ်ကြိမ်လုပ်တဲ့ပုံမှန်အစည်းအဝေးတွေ သွားကြတာပါ။ အဲ့ဒီ့အစည်းအဝေးမှာတော့ ဘာတွေ ကမ်းလှမ်းခဲ့သလဲ ဘာတွေ ဆွေးနွေးခဲ့သလဲဆိုတာတော့ မသိသေးဘူး "

ထိုင်းနိုင်ငံအခြေစိုက် Rohingya Refugee of Thailand အဖွဲ့က တာဝန်ရှိသူ အဘူကာမန် ကတော့ ထိုင်းနိုင်ငံက လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ သတင်း အချက်အလက်တွေကို ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။ လူကုန်ကူးမူတွေ မှာ မြန်မာနိုင်ငံသားတွေလည်းပါဝင်ပတ်သက်မူတွေ ရှိနေတယ်လို့ သူကပြောပါတယ်။

" ဘယ်လိုဆိုလို့လဲဆိုရင် မြန်မာနိုင်ငံသား ပါတာလည်းရှိတယ်။ ဗုဒ္ဓဘာသာ မြန်မာပြည်သား ပါတယ်။ နောက်တခုက ဘာလဲဆိုရင် ရိုဟင်ဂျာတွေလည်း ပါတာပေါ့။ ဒီမှာ ပို်က်ဆံယူပြီးတော့ ရန်ကုန်မှာ သူတို့ တိုက်ဆောက်နေပြီ။ မြဝတီမှာ ဆောက်နေပြီ။ တခြားလူတွေက ဘာလဲဆိုတော့ human trafficking တဲ့ လူတွေပေါ့။ အကောင်ကြီးကြီးကောင်တွေပေါ့။ အစိုးရနဲ့ Agreement လုပ်ပြီးတော့ သူတို့စိတ်ထဲမှာ သူတို့က မမိဘူး။ ထိုင်းနိုင်ငံက ဝရမ်းထုတ်တာပေါ့ သူတို့ကို ဖမ်းလို့မရဘူး ဒီလိုပဲ ထင်နေတာ။ တကယ်ဆိုရင် အစိုးရက ငါးနိုင်ငံက အလုပ်ပေါင်းလုပ်ရမှာ ဒီအလုပ်က။"

လူကုန်ကူးမှုနဲ့ ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံကို Tier -2 လို့ ခေါ်တဲ့ စောင့်ကြည့် စာရင်းထဲမှာ ထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။

အမေရိကန်နိုင်ငံက လူကုန်ကူးတိုက်ဖျက်ရေး အစီရင်ခံစာ ထုတ်ခါနီးအချိန်မှာပဲ ထိုင်းနိုင်ငံကလည်း ကိစ္စတွေမှာပါဝင်ပတ်သက်သူတွေကို အခုလိုမျိုး အရေးယူလာတာဖြစ်ပါတယ်။

XS
SM
MD
LG