သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းအစိုးရ နဲ့ မူဆလင်သူပုန် ဆွေးနွေးပွဲစ

Thai police officers look at Thai-Muslim demonstrators conducting afternoon prayers outside a shopping mall where the office of Google Thailand is located, during a demonstration against a video produced in the United States that denigrates the Prophet Mu

ထိုင်းနိုင်ငံတောင်ပိုင်း တည်ငြိမ်အေးချမ်းရေးအတွက် ထိုင်းအစိုးရက တောင်ပိုင်းက အဓိကမွတ်စလင် သူပုန်အဖွဲ့နဲ့ကြာသာပတေးနေ့ကစတင်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပြီဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ အခြေစိုက်တဲ့ BRN အဖွဲ့နဲ့ ထိုင်းအစိုးရအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်မှာပြုလုပ်တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ နောက်ထပ်ဖြစ်ပွားတဲ့ ဗုံးခွဲတိုက်ခိုက်မှုဟာ မွတ်စလင်သူပုန်တွေ လက်ချက်ဖြစ်တယ်လို့ စွတ်စွဲမှုတွေရှိနေစဉ်မှာပဲ ထိုင်းအစိုးရနဲ့ သူပုန်တွေအကြား ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးကြတာဖြစ်ပါတယ်။

အခုလိုဆွေးနွေးရာမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျော့ကျဖို့ နဲ့ ယုံကြည်မှု တည်ဆောက်ဖို့အတွက် အဓိက ရည်ရွယ်တယ်လို့ ထိုင်းအစိုးရအရာရှိတွေက ပြောပါတယ်။ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲ ကနေ အောင်မြင်မှုတွေ ရလာလိမ့်မယ်လို့ ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အကြီးအကဲ က အကောင်းမြင်ပြောဆိုပေမဲ့ အချိန်အတိုင်း အတာတော့ ကြာလိမ့်မယ်လို့ ခန့် မှန်းပါတယ်။
XS
SM
MD
LG