သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြသူတွေကို ရဲဖြိုခွင်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လူစုခွဲဖို့အတွက် အထိကရုန်းနှိမ်နင်းရေး ရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ပါတယ်။ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ရဲ့ အစိုးရကို နှုတ်ထွက်ပေးဖို့အတွက် ပထေ့ဆီယမ်အဖွဲ့ ဦးဆောင်မှုနဲ့ စနေနေ့ ဆန္ဒပြကြသူတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ထောင်နဲ့ချီတဲ့ ရဲ တပ်ဖွဲ့ဝင်တွေ ဘန်ကောက်မြို့တော်အတွင်းမှာ ချထားပါတယ်။

အစိုးရကလည်း ဆန္ဒပြသူတွေကို ဖမ်းဆီးထိန်းသိမ်းနိုင်ဖို့ အတွက် ပြည်တွင်းလုံခြုံရေး ဥပဒေကို ပြထန်းလိုက်ပါတယ်။ ဆန္ဒပြသူတွေဟာ ရဲတပ်ဖွဲ့က တားဆီးထားတဲ့ အတားဆီးတွေကို ဖြတ်ကျော်ချိန်မှာ မျက်ရည်ယိုဗုံးတွေ နဲ့ ပစ်ခတ် ခဲ့တယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အမိန့်ကိုလည်း ဆန္ဒပြသူတွေက မလိုက်နာကြဘူးလို့ ပြောပါတယ်။

ရဲနဲ့ ဆန္ဒပြသူတွေအကြား အပြန်အလှန် တိုက်ခိုက်မှုတွေအတွင်း နှစ်ဘက်စလုံး ဒဏ်ရာရရှိသူတွေ တော်တော်များများ ရှိတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် အစိုးရဟာ အဂတိလိုက်စားမှုတွေ ရှိပြီး အရင် ဝန်ကြီးချုပ်ဟောင်း တက်ဆင်ရှင်နာဝပ်ရဲ့ လက်ဝေခံဖြစ်တယ်ဆိုပြီး ဆန္ဒပြကြတဲ့ ပထေ့ဆီယံ အဖွဲ့ကို အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဘွန်လပ် ဒယူပရာဆစ်က ခေါင်းဆောင်တာ ဖြစ်ပါတယ်။
XS
SM
MD
LG