သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကျေးဇူးတော်နေ့


ကျေးဇူးတော်နေ့ ခရီးထွက်မည့်သူများ။
ကျေးဇူးတော်နေ့ ခရီးထွက်မည့်သူများ။
ဒီကနေ့ ကြာသပတေးနေ့ဟာ အမေရိကန် နိုင်ငံမှာ Thanks giving လို့ ခေါ်တဲ့ ကျေးဇူတော်နေ့ ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။ ခဒီအားလပ်ရက်နေ့မှာ မိသားစုတွေနဲ့ အတူဆုံစည်း စုဝေးနိုင်ဖို့ လေဆိပ်တွေ အဝေးပြေးလမ်းမကြီးတွေဆီ အပြေးအလွှား သွားနေကြ ပါတယ်။

Thanksgiving အားလပ်ရက်မှာ ကြက်ဆင်သားနဲ့ ဟင်းလျာမျိုးစုံပါတဲ့ ညစာစားပွဲကို မိသားစု အတူ စားကြတဲ့ ဓလေ့ရှိပြီး ဒီနှစ်အတွက်တော့ အားလပ်ရက် လေးရက်တာ မိသားစုတွေနဲ့ အတူနေနိုင်ဖို့ ကြိုးစားကြတဲ့ အမေရိကန်သား ၄၃ သန်းလောက်ဟာ မိုင်ပေါင်း ၅၀ ဒါမှမဟုတ် ဒီ့ထက်ပိုဝေးဝေး ခရီးသွားကြလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

အမေရိကန်နိုင်ငံမှာ Thanksgiving အားလပ်ရက်မှာ ရိုးရာပွဲတော်ကို အဓိကထား ကျင်းပ တတ်ကြပေမယ့် တခြား ဘာသာရေး ကိစ္စရပ်တွေ အပြင် လူငယ်ဘောလုံးပွဲတွေ၊ ပရိသတ် အကြိုက် ဘောလုံးပွဲတွေလည်း ကျင်းပလေ့ရှိပါတယ်။ New York မြို့တော်မှာတော့ နှစ်စဉ် လူ အများအပြား စောင့်မျှော်ကြည့်ရှုလေ့ရှိတာက Macy ကုန်တိုက်ကြီးရဲ့ လေသွင်း ကာတွန်းရုပ် မျိုးစုံပါတဲ့ ဘောလုံးကြီးတွေနဲ့ ချီတက်အလှပြတဲ့ ပွဲပဲ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ Thanksgiving နေ့ကို နှစ်စဉ်နှစ်တိုင်း နိုဝင်ဘာလရဲ့ နောက်ဆုံး ကြာသာ ပတေးနေ့ကို ရွေးချယ်ကျင်းပကြတာပါ။ ၁၆၂၁ ခုနှစ် ကစခဲ့တဲ့ ဒီရိုးရာပွဲဟာ မြောက် အမေရိက တိုက်ကို အခြေချလာရောက် နေထိုင်ကြသူတွေ အဲဒီအချိန်က ပြင်းထန်တဲ့ ဆောင်းကျပြီး တဲ့နောက် ကောက်ရိတ်သိမ်းပွဲအပြီးမှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ၁၇၈၉ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံရဲ့ ပထမဆုံးသော သမ္မတ George Washington က Thanksgiving နေ့ ကို နိုင်ငံတော် အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့တာပါ။
XS
SM
MD
LG