သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ကျေးဇူးတော်နေ့ ကြက်ဆင်လွှတ်


သမ္မတ အိုဘားမား ကျေးဇူးတော်နေ့ ကြက်ဆင်လွှတ်။ နိုဝင်ဘာ ၂၅၊ ၂၀၁၅။
သမ္မတ အိုဘားမား ကျေးဇူးတော်နေ့ ကြက်ဆင်လွှတ်။ နိုဝင်ဘာ ၂၅၊ ၂၀၁၅။

ဒီကနေ့ဟာ အမေရိကန်ပြည်ထောင်စုမှာ ကျေးဇူးတော်နေ့ အထိမ်းအမှတ် အားလပ်ရက်ဖြစ်ပြီး မိသားစုတွေ ဆုံတွေ့ကြ၊ စားသောက်ကြ၊ လျှော့ဈေး နဲ့ ရောင်း တာတွေကို လိုက်ဝယ်ကြ တဲ့နေ့ဖြစ် ပါတယ်။ နှစ်စဉ် နိုဝင်ဘာလ ရဲ့ လေးပတ်မြောက် ကြာသပတေးနေ့ ကို ကျေးဇူးတော်နေ့အဖြစ် သတ်မှတ် ထားတာပါ။ ကျေးဇူးတော်နေ့ အပြီး နောက်တနေ့ကတော့ ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူး ကာလအတွက် ဈေးဝယ်ကြတဲ့ ရာသီအစဖြစ်ပါတယ်။

ဒီနှစ် ကျေးဇူးတော်နေ့ အထိမ်းအမှတ်အဖြစ် သမ္မတ ဘရာ့ခ် အိုဘားမားက အစဉ်အလာအတိုင်း လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ ကြက်ဆင်ကတော့ Abe လို့အမည်ရတဲ့ ကြက်ဆင်ပါပဲ။

သမ္မတ အိမ်ဖြူတော်ရဲ့ အစဉ်အလာအတိုင်း နိုင်ငံတော် ကြက်ဆင်ရဲ့ အသက်ကို သမ္မတအိုဘားမားက လွတ်ငြိမ်းခွင့်ပေးတာပါ။ သမ္မတ အိုဘားမားဟာ သမီးတွေဖြစ်ကြတဲ့ Sasha နဲ့ Malia တို့နဲ့အတူ ကြက်ဆင်ကို အသက်ချမ်းသာပေးပြီး သမီးတွေက သူ့ကို ထောက်ခံတဲ့အနေနဲ့ လက်မလေးတွေ ထောင်ပြကြပါတယ်။

အခုဆိုရင်တော့ ကြက်ဆင် Abe ဟာ အိမ်ဖြူတော် ကြက်ဆင်တောင်ကုန်း လို့ ခေါ်တဲ့ခြံကြီးထဲမှာ အသက်ထက်ဆုံး နေသွားရတော့မှာပါ။

အသက်ချမ်းသာခွင့်ပေးလိုက်တဲ့ Honest လို့ခေါ်တဲ့ နောက်ကြက်ဆင် တကောင် ကတော့ သူ့ရဲ့အသက်အန္တရာယ် လုံခြုံရေးကို အကာအကွယ်ပေးဖို့ ထုတ်မပြောတဲ့နေရာ တခုမှာ ထိန်းထားတယ်လို့ သမ္မတအိုဘားမားက ဟာသလုပ် ပြောခဲ့ပါတယ်။

XS
SM
MD
LG