တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ဇူလိုင်လ ၂၉ ရက်နေ့စွဲနဲ့ ပြဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က ‘အင်္ဂလိပ်’ ဘာသာနဲ့ ရှိခဲ့တဲ့ The Contempt of Courts Act ကို ရုပ်သိမ်းပြီး ‘မြန်မာ’ ဘာသာစကားနဲ့ အသစ် ပြဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။ ဒီဥပဒေအပေါ် တရားရေး လောကသားတွေနဲ့ မီဒီယာလောကရဲ့ အမြင်တွေကို ကိုကျော်ကျော်သိန်းက မေးမြန်းစုစည်းပြီး ရန်ကုန်မြို့ကနေ သတင်းပေးပို့ခဲ့ပါတယ်။
အခုပြဌာန်းလိုက်တဲ့ တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေဟာ အမှန်တကယ်လိုအပ်တဲ့ ဥပဒေတစ်ခု ဟုတ်ရဲ့လားဆိုတဲ့ အပေါ် တရားရေးလောကသားတွေအကြား အမြင်ကွဲပြားမှုရှိနေပါတယ်။ အများစုက ဒီဥပဒေဟာ တစိတ်တပိုင်းအားဖြင့် လိုအပ်တယ်လို့ ပြောကြပေမဲ့လည်း ကိုယ်တိုင်က ရှေ့နေတစ်ဦးလည်းဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးလည်းဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဒီဥပဒေကို မူကြမ်းဘဝကတည်းက ကန့်ကွက်ခဲ့ပြီး ပြင်ဆင်ဖြည့်စွက်ချက်တွေကိုလည်း တင်သွင်းခဲ့သူပါ။
ဒီဥပဒေဟာ ပြည်သူတွေကို ကာကွယ်တဲ့ဥပဒေမဟုတ်ဘဲ လက်တွေ့မှာ တရားသူကြီးတွေကို ကာကွယ်တဲ့ဥပဒေ ဖြစ်နေတယ်လို့ ပြောသလို သတင်းမီဒီယာတွေအပေါ် ကန့်သတ်ချက်တွေ ပြဌာန်းထားတာကိုလည်း ဦးသိန်းညွန့်က ထောက်ပြပါတယ်။
“ဒီဥပဒေကို ကျနော် ပယ်ဖျက်ဖို့၊ နောက် ပြင်ဆင်တဲ့အခါမှာလည်း ကျနော့် ပြင်ဆင်ချက် တပိုဒ်ပဲ အောင်မြင်တယ်ပေါ့။ ဒါကလည်း အရေးမပါတဲ့အပိုဒ်၊ အရေးပါတဲ့အပိုဒ်တိုင်း မအောင်မြင်ဘူး။ နောက်တခုက ကျနော်က ဒီဟာနဲ့ပတ်သက်ရင် ထောင်ဒဏ်ကို ပယ်ဖျက်ဖို့ ဒီနေ့ ဟိုဟာဖြစ်ရင် ထောင်ဒဏ်အစား ငွေဒဏ်ပဲ သတ်မှတ်ဖို့၊ ကျနော် တင်ခဲ့တယ်။ အဲ့ဒါလည်း မအောင်မြင်ခဲ့ဘူးဗျ။”
အဲဒီလိုဆိုပေမဲ့လည်း ဥပဒေသစ်ရဲ့ အခန်း ၃ မှာ ကင်းလွတ်ချက်များဆိုပြီး သတင်းမီဒီယာတွေအပေါ် ကင်းလွတ်ခွင့် ပေးထားတာတွေကတော့ ကောင်းတဲ့အချက်အဖြစ် ဦးသိန်းညွန့်က မြင်ပါတယ်။ ဦးသိန်းညွန့်ကိုယ်တိုင်က အရင်ရှိခဲ့တဲ့ The Contempt of Courts Act နဲ့ အရေးယူခံရပြီး ရှေ့နေလိုင်စင် ရုပ်သိမ်းခံခဲ့ရဖူးသူလည်း ဖြစ်ပါတယ်။
မှုခင်းတစ်ရပ်နဲ့စပ်လျဉ်းလို့ တရားမျှတပြီး မှန်ကန်တိကျခိုင်လုံတဲ့ အချက်အလက်တွေကို ရဖို့ဆိုရင် တရားရုံးသတင်းထောက်တွေကို ထားခွင့်ပြုဖို့လိုပြီး အဲဒီလိုရဖို့အတွက် တောင်းဆိုသွားမယ်လို့ မြန်မာဂျာနယ်လစ်ကွန်ယက်က တွဲဘက်အတွင်းရေးမှူး ၂ ဦးသန်းဌေးက ဗွီအိုအေကို ပြောပါတယ်။
“သတင်းထောက်တွေက တရားရုံးမှာ တရားဝင် သတင်းထောက်ဖြစ်ပြီးတော့ ကျနော်တို့ အသိအမှတ်ပြုပြီးတော့ လွှတ်တော်ထဲမှာ ဝင်ပြီး သတင်းယူခွင့်ရတဲ့ သတင်းထောက်လိုမျိုး တရားရုံးမှာ တရားဝင် သတင်းယူခွင့်ရတဲ့ သတင်းထောက်အဖြစ် ကျနော်တို့ကို သက်ဆိုင်ရာက အစိုးရပိုင်းက တိုင်းဒေသကြီးတို့ ပြည်နယ်တို့ကနေ တရားဝင် ကျနော်တို့ကို ကဒ်ပြားတွေ ပေးဖို့ ကျနော်တို့ ဆက်တောင်းဆိုမှာပါ။ အဲ့ဒါဆိုရင် စောစောက ပွင့်လင်းမြင်သာတဲ့ သတင်း တရားစီရင်ရေးဖြစ်ပြီးတော့ အရင်တုန်းက တရားရုံးရဲ့ တရားဝင် သတင်းထောက်တွေ ဖြစ်ပြီးလို့ရှိရင် ကျနော်တို့ စောစောကပြောတဲ့ တရားသူကြီးနဲ့ ရှေ့နေတွေက အချက်အလက်အမှန်တွေ ကျနော်တို့ကိုပေးရင် သေချာတယ် ကျနော်တို့က ရေးသားတာကိုလည်း အမှုစီရင်ဆဲမှာ တရားမျှတပြီး မှန်ကန်တိကျ ခိုင်လုံတာကို အထောက်အထားနဲ့ ရေးနိုင်တယ်။ အမှုစီရင်ပြီးရင်လည်း ဝေဖန်ချက်တွေ၊ အကြံပြုတဲ့ ဆောင်းပါးတွေ သေချာရေးနိုင်ပါလိမ့်မယ်။”
The Contempt of Courts Act နဲ့ အရေးယူခံရပြီး ၂၀၀၈ ခုနှစ်တုန်းက ထောင် ၄ လ ကျခဲ့သလို ရှေ့နေလိုင်စင်လည်း ရုပ်သိမ်း ခံခဲ့ရဖူးသူ နောက်တစ်ဦးကတော့ တရားလွှတ်တော်ရှေ့နေကြီး ဦးအောင်သိန်းပါ။ ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှုဆိုတဲ့ ပြဌာန်းချက် ထဲက မှန်ကန်လွတ်လပ်စွာ တရားစီရင်ရေးအပေါ် အများပြည်သူက ယုံကြည်ကိုးစားမှု လျော့နည်းစေရန် တနည်းနည်းဖြင့် ပြုလုပ် ခြင်းဆိုတာမှာ ယုံကြည်ကိုးစားမှု လျော့နည်းစေတယ်ဆိုတာက ဘယ်လိုအတိုင်းအတာကို ပြောတာလည်းဆိုတာ ရှင်းရှင်းလင်း လင်းမရှိဘူးလို့ ဦးအောင်သိန်းက ထောက်ပြပါတယ်။
“ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွားကို အဓိကထားပြီး အကာအကွယ်ပေးတာထက် သူတို့ရဲ့ ပုဂ္ဂလိက သြဇာအာဏာသက်ရောက်နိုင်ဖို့အတွက် အကာအကွယ်ယူတဲ့ ဥပဒေတွေက ထုတ်ပြန်တာ ပိုများတယ်။ ဒါကြောင့် ကျနော်တို့က နဝတ၊ နအဖ ဥပဒေပြန်ကြည့်ရင် သူတို့က အဲ့ဒီပုံသဏ္ဍန်နဲ့ ဥပဒေတွေ ပြဌာန်းခဲ့တာ ကျနော်တွေ့ရတယ်။ ယခုလည်း ကျနော်တို့ အဲ့ဒီလိုပဲ ဆက်လက်ပြဌာန်းဦးမယ်ဆိုရင် ကျနော်တို့ ဘယ်လိုလုပ် ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ သွားနေတဲ့ ဗမာနိုင်ငံလို့ ပြောလို့ရမလဲ။”
ဥပဒေဆိုင်ရာ စကားလုံးတွေဟာ အမြဲတမ်း အငြင်းပွားစရာရှိပြီး လိုသလိုဆွဲယူဖို့ ပြဌာန်းထားတာမျိုးတော့ ဟုတ်ပုံမရဘူးလို့ မြင်သူက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ရှေ့နေကြီးဦးဉာဏ်ဝင်းပါ။ တရားရုံးတွေမှာ စိတ် အနှောင့်အယှက် ဖြစ်လောက်တယ်ဆိုရင် အဲဒါဟာ မထီမဲ့မြင်ပြုရာရောက်ပြီး အရင်တုန်းကလည်း ဒီလိုပါပဲလို့ ဦးဉာဏ်ဝင်းက ပြောသလို ဥပဒေကို မြန်မာဘာသာနဲ့ပြဌာန်းတာက ပိုပြီး လွယ်ကူလာတယ်လို့ ပြောပါတယ်။
“သတင်းမီဒီယာတွေက အခု အဓိကကြည့်လိုက်ရင် နှစ်မျိုး၊ တမျိုးက သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတယ်။ နောက်တမျိုးက တရားရုံးက လုပ်ရမယ့် ဆုံးဖြတ်ရမယ့်ကိစ္စကို ကြိုတင်ဝေဖန်လို့ မရဘူး။ ကျန်တဲ့အကြောင်းအရာကို ဝေဖန်လို့ရပါတယ်။ ကောင်းတယ်၊ မကောင်းတယ်ဆိုတာကတော့ ပိုပြီးတော့ မြန်မာလိုလည်း ဖြစ်လာတယ်။ Definition လည်း တခါတည်းထည့်ထားတော့ ပိုမို လွယ်ကူတယ်လို့တော့ ပြောရင်ရပါတယ်။”
အခုပြဌာန်းလိုက်တဲ့ ဥပဒေအရ တရားရုံးကို ပြစ်မှုဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရရင် အဲဒီလူကို ၆ လထက်မပိုတဲ့ အလုပ်မဲ့ ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမှာ ဖြစ်ပါတယ်။
တရားရုံးကို တရားမဆိုင်ရာ မထီမဲ့မြင်ပြုမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရသူကို ကျပ် ၁ သိန်းထက်မပိုတဲ့ ငွေဒဏ် ချမှတ်ရမှာဖြစ်ပြီး ငွေဒဏ်ချမှတ်ရုံနဲ့ မလုံလောက်ဘူးလို့ ယူဆရင် ၃ လထက်မပိုတဲ့ တရားမထောင်ဒဏ်ကို ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။