သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာ တုံ့ပြန်ချက်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့အောင်ပွဲခံနေစဉ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့အောင်ပွဲခံနေစဉ်။

မြန်မာနိုင်ငံနဲ့ ရေရှည် ပူးပေါင်းဆောင်ရွက်ရေး ဆက်လုပ်သွားချင်ပါတယ်လို့ တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ ရွေးကောက်ပွဲ တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက လွှတ်တော်နေရာအများအပြားကို အနိုင်ရနေတယ်ဆိုတဲ့သတင်းတွေ ထွက်နေချိန်မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Hong Lei က ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

မိတ်ဆွေ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ မြန်မာနဲ့တရုတ်အကြား ရေရှည် ပူးပေါင်းဆောင်ရွက်ရေးနဲ့ အစဉ်အလာ ရင်းနှီးမှုတွေ ဆက်ပြီး ဖြစ်ပေါ်သွားမယ်ဆိုတာ လုံလောက်တဲ့ ယုံကြည်ချက် ရှိပါတယ်လို့ Hong Lei ကပြောပါတယ်။

တရုတ်နဲ့မြန်မာနိုင်ငံတို့ဟာ တောင်တွေ၊ မြစ်ချောင်းတွေနဲ့ ချိတ်ဆက်ထားတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်ပြီး နှစ်ဘက်လူထုကြားမှာ နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုရှိပါတယ်လို့ သူကကပြောပါတယ်။ နှစ်နိုင်ငံနဲ့ နှစ်ဘက်လူထုရဲ့ ဘုံ အကျိုးစီးပွားတွေနဲ့အညီ ရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ကဏ္ဍအသီးသီးမှာ ကာလရှည်ကြာ လုပ်ဆောင်ခဲ့ပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei ကပြောပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Julie Bishop ကလည်း ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မြန်မာပြည်သူလူထုကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း ပြောထားတဲ့ ကြေညာချက်တစောင် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲ လုပ်ငန်းစဉ်အပေါ် သမ္မတဦးသိန်းစိန်ရဲ့ ကတိကဝတ်ထားမှုကို ကြိုဆိုပြီး စိန်ခေါ်မှုများတဲ့ အခြေအနေ တွေကြားထဲကမှ မဲပေးနိုင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးရဲ့ စီစဉ်ပေးမှုကို ဝမ်းမြောက်စွာ ချီးကျူးဂုဏ်ပြုပါတယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG