သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲညနေပိုင်း တိုက်ရိုက်ဆွေးနွေးချက်


မဲရေတွက်မှုစောင့်ကြည့်နေတဲ့ NLD ရုံးချုပ်ရှေ့က ပရိသတ်
မဲရေတွက်မှုစောင့်ကြည့်နေတဲ့ NLD ရုံးချုပ်ရှေ့က ပရိသတ်

မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၃၀) နီးပါးအတွင်း မြန်မာနိုင်ငံရဲ့အရေးပါတဲ့သမိုင်းအလှည့်အပြောင်းနဲ့ပတ်သက်လို့ ရန်ကုန်ရုံးခွဲ တာဝန်ခံ ဒေါ်ခင်စိုးဝင်း၊ ရွေးကောက်ပွဲသတင်းယူဖို့ သီးခြားတာဝန်နဲ့ ရန်ကုန်ကိုရောက်နေတဲ့ အယ်ဒီတာ ကိုသားညွန့်ဦး၊ မြန်မာနိုင်ငံရေးရာကိစ္စအရပ်ရပ်ကို စောင့်ကြည့် လေ့လာနေတဲ့ ရွေးကောက်ပွဲဆွေးနွေးခန်းတွေမှာလည်း တောက်လျှောက်ပါဝင်နေသလို ရန်ကုန်တခွင် မြို့နယ် ငါးမြို့နယ်ကိုလေ့လာထားတဲ့ ဦးစည်သူ အောင်မြင့်နဲ့ မဲဆန္ဒနယ်အသီးသီးမှာ အင်မတန်အရေးပါတဲ့ မဲဆန္ဒနယ်လို့ ပြောရမယ့် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ ဖြူးမြို့နယ်ကို ရောက်နေတဲ့ဒေါက်တာရန်မျိုးသိမ်းတို့ကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘာပြောပါသလဲခင်ဗျာ- ဒီနေ့ သူတို့သတင်းစာရှင်းလင်းပွဲ မလုပ်ဘူးဆိုတာ ကျနော်တို့ သိထားတော့-

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ၊ ကျမကတော့ အားခဲထားတာပေါ့၊ ရွေးကောက်ပွဲကော်မရှင်က ရန်ကုန်မှာ …. မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ သတင်းမီဒီယာစင်တာဖွင့်ပြီးတော့ သတင်းတွေပေးမယ်ဆိုလို့ တော်တော်လေးကို အားခဲထားတာပါ။ ဒါပေမယ့် သူတို့ဒီနေ့ မလုပ်ဖြစ်ပါဘူး။ မလုပ်ဖြစ်ဘဲနဲ့ အခုနက မသိင်္ဂီထိုက်ကြေညာသွားသလိုပဲ နိုဝင်ဘာလ (၉) ရက်နေ့ကမှစပြီးတော့ သူတို့နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲတွေကို အချိန်ပိုင်းအလိုက် လုပ်သွားမှာပေါ့နော်။ လောလောဆယ် တယ်လီဗေးရှင်းမှာပြနေတာ - တိုက်ရိုက်ထုတ်လွှင့်ပေးနေတာတွေကတော့ မဲရေတွက်တဲ့ဟာတွေကို ထုတ်လွှင့်ပေးနေတာပါ။ ဒေါက်တာစိုင်းမောက်ခမ်းနဲ့ယှဉ်ပြိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက အပြတ်အသတ်ကို နိုင်နေတာကို တွေ့ရပါတယ်။ တခုချင်းစီတက်တာတွေကို တိုက်ရိုက်ထုတ်လွှင့်နေတာပါ။ ရွေးကောက်ပွဲကော်မရှင်က လူကြီးတွေကတော့ အခုလောလောဆယ်မှာ ကျမတို့ ဆက်သွယ်လို့ မရပါဘူး။ သူတို့လည်း တော်တော်လေး အလုပ်ရှု့ပ်နေပါတယ် ကိုကျော်ကျော်သိန်းရေ။ အခု ကျမတို့က LIVE ပြနေတဲ့ ရုပ်မြင်သံကြားကိုပဲ ထိုင်စောင့်ပြီး ကြည့်နေရတာပါရှင့်။

ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့၊ အခုနက ဒေါ်ခင်စိုးဝင်းပြောသွားတဲ့အထဲမှာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဝင်ပြိုင်တဲ့နေရာမှာ အပြတ်အသတ် နိုင်တယ်၊ ရှုံးတယ်ဆိုတဲ့ဟာကျ - အဲဒီလိုမျိုး မဲရလဒ်ကိုပါ ရုပ်မြင်သံကြားမှာတွေ့နေရတာလား။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ။ တွေ့နေရပါတယ်။ သူတို့က တာလီနဲ့ရေပြီးတော့ကို ပြနေတာပါ။ သူတို့က ပယ်မဲဆိုလည်း ပယ်မဲ၊ ခိုင်လုံမဲဆိုလည်း ခိုင်လုံမဲအရပေါ့- တချိန်လုံး ရေပြီးတော့ ပြနေတာပါ။ ဦးစိုင်းမောက်ခမ်းကို NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်က အပြတ်အသတ်ကို နိုင်နေတာ တွေ့ရပါတယ်ရှင့်။

အပြည့်အစုံကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

please wait

No media source currently available

0:00 0:11:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG