သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအရေး အမေရိကန်နဲ့ဂျပန် ဆွေးနွေး


ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အမေရိကန်သမတ္တ အိုဘားမား။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃။)
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အမေရိကန်သမတ္တ အိုဘားမား။ (ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃။)
အမေရိကန်နိုင်ငံကို ရောက်နေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားတို့ဟာ မြောက်ကိုးရီးယားရဲ့ နျူကလီယား စမ်းသပ်မှုနဲ့ မစ်ဆိုင်းဒုံးပစ်လွှတ်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို တုံ့ပြန်အရေးယူမယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံစဉ်မှာ လုံခြုံရေးကိစ္စတွေ အထူးသဖြင့် မြောက်ကိုးရီးယားရဲ့ရန်လိုတဲ့ အပြုအမူတွေ နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့စိုးရိမ်မှုတွေအပြင် မြောက်ကိုးရီးယားအပေါ် တုံ့ပြန်အရေးယူမဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း မြောက်ကိုးရီးယားရဲ့အပြုအမူကို နိုင်ငံတကာ အသိုင်းအဝိုင်း က လက်မခံနိုင်ကြောင်းနဲ့ အမေရိကန်နဲ့ဂျပန် ၂ နိုင်ငံ အနေနဲ့ မြောက်ကိုးရီးယားအပေါ် ကုလသမဂ္ဂရဲ့ စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေအတိုင်း ဆက်လက် ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

သမ္မတအိုဘားမားနဲ့ဂျပန်ဝန်ကြီးချုပ်တို့ဟာ မြောက်ကိုးရီးယားအရေးအပြင် တရုတ်နဲ့ဂျပန် ၂ နိုင်ငံ အကြား ရေပိုင်နက် အငြင်းပွားမှုပြဿနာ နဲ့ ဂျပန်နဲ့ အမေရိကန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စတွေလည်း ဆွေးနွေးခဲ့ကြပါတယ်။ မစ္စတာရှင်ဇိုအာဘေးဟာ ဂျပန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အဖြစ် ဒုတိယသက်တမ်းကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စတင်တာဝန်ယူခဲ့တာပါ။ ဝန်ကြီးချုပ်ဖြစ်လာချိန်မှာ မစ္စတာ ရှင်ဇိုအာဘေးဟာ တရုတ်နိုင်ငံနဲ့ရေပိုင်နက် အငြင်းပွားမှုတွေ တိုးမြင့်နေပြီး အမေရိကန်နိုင်ငံနဲ့ ပိုပြီး အနီးကပ်ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
XS
SM
MD
LG