သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN လူ့အခွင့်အရေး ကြေညာစာတမ်း အမေရိကန် ဝေဖန်


အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN မကြာသေးခင်ကပဲ အတည်ပြုခဲ့တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းဟာ နိုင်ငံ တကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘဲ ဒေသတွင်းမှာ ဖိနှိပ်အုပ်ချုပ်တဲ့အစိုးရတွေက သူတို့အကျိုးအတွက် တလွဲအသုံးချနိုင် တယ်လို့ အမေရိကန်ပြည်ထောင်စုက သတိပေးလိုက်ပါတယ်။

ဆယ်နိုင်ငံပါ ဒေသတွင်းက လူဦးရေ သန်းပေါင်း ၆၀၀ လောက်တို့အတွက် အကာအကွယ်ပေးနိုင်ရေး အာမခံဖို့ရည်ရွယ်တဲ့ မဖြစ် မနေ လိုက်နာဖို့မလိုအပ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်ကို အရှေ့တောင်အာရှခေါင်းဆောင်တွေ တနင်္ဂနွေနေ့က ချမှတ် ခဲ့ကြတာပါ။ ဒေသတွင်းကနိုင်ငံတွေဟာ အခုဆိုရင် အမြင့်ဆုံး စံနှုန်းတွေအတိုင်း လိုက်နာဖို့ သန္နိဋ္ဌာန်ချမှတ်ခဲ့ကြပြီဆိုပြီး ဒါဟာ ကြီးမားတဲ့ အဓိက တိုးတက်မှုကြီးတခုဖြစ်တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန်က ပြောပါတယ်။

ဒါပေမဲ့လည်း အာဆီယံရဲ့ ကြေညာစာတမ်းဟာ ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ကာလ ရှည်ကြာ ဖော်ပြထားခဲ့တဲ့ မူဝါဒ စည်းမျဉ်းတွေကို အားနည်း ယုတ်လျော့သွားစေနိုင်တာကြောင့် အထူးစိုးရိမ်မိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက အင်္ဂါနေ့မှာ ပြောပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ဖော်ပြထားတဲ့ အခွင့်အရေးတွေဟာ နေရာတိုင်းအတွက် အကျုံးမဝင်ဘူးဆိုပြီး ယဉ်ကျေးမှု ဓလေ့ထုံးတမ်း နှိုင်းယှဉ်ချက် ဆိုတာကို အာဆီယံ ကြေညာချက်ထဲမှာ ထည့်သွင်း အသုံးပြုထားတဲ့အပေါ် အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုရီးယား နူလန်ဒ် က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။
လူအများအပြားက ထောက်ပြ ပြောဆိုနေကြတာကတော့ ကြေညာချက် အပိုဒ် (၇) မှာ ဖော်ပြထားတာပဲဖြစ်ပါတယ်။ လူ့အခွင့် အရေးကို သတ်မှတ် ဖွင့်ဆိုတာမှာ နိုင်ငံရေး၊ စီးပွားရေး၊ တရားဥပဒေရေးရာ၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သမိုင်းအစဉ်အလာနဲ့ ဘာသာရေး နောက်ခံတွေပေါ်မှာ အခြေပြုပြီး တနိုင်ငံချင်းစီအလိုက် ဒါမှမဟုတ် ဒေသတခုချင်းစီအလိုက် ခြွင်းချက်တွေ ရှိတယ် ဆိုပြီးတော့ အဲဒီ အပိုဒ် ခုနစ်မှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG