မိတ္ထီလာမှာ အရေးပေါ် အခြေအနေ ထုတ်ပြန်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုက ပြောလိုက်ပါတယ်။ ဖြစ်ခဲ့တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ စိုးရိမ်မှုကို မြန်မာအစိုးရတာဝန်ရှိသူတွေကို တိုက်ရိုက်ဆက်သွယ် အသိပေး ထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပုံမှန်သတင်းစာရှင်းလင်းပွဲ မှာ သောကြာနေ့က ပြောခဲ့တာ ဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းတွေကြားမှာ အပြန် အလှန်လေးစားမှုရှိကြဖို့နဲ့ တည်တည်ငြိမ်ငြိမ်ရှိကြဖို့ကိုလဲ အမေရိကန်က ထပ်ပြီး တိုက်တွန်းလိုက် ပါတယ်။ အသေးစိတ်ကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
မိတ္ထီလာမြို့မှာ ဗုဒ္ဓဟူးနေ့က စခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခအခြေအနေဟာ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပေမဲ့ ပိုဆိုးလာခဲ့တဲ့အတွက် သောကြာနေ့တုန်းက မိတ္ထိလာခရိုင်မှာ အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ပါတယ်။ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နဲ့ သာစည်မြို့နယ်တွေမှာ အရေးပေါ် အခြေအနေကို သမ္မတဦးသိန်းစိန်က ထုတ်ပြန်ကြေညာ ခဲ့ပြီးတဲ့နောက်မှာ စစ်တပ်တွေဝင်ရောက်ပြီး အခြေအနေတွေကို ထိန်းနေပါတယ်။ ဒီလိုဆောင်ရွက်တာဟာ မှန်ကန်တယ်လို့ အမေရိကန်က ပြောလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနမှာ ပုံမှန်ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခွင့်ရသူ Victoria Nuland က ခုလိုပြောခဲ့တာပါ၊
“မတ်လ ၂၂ ရက်နေ့မှာ သမ္မတဦးသိန်းစိန်က အရေးပေါ် အခြေအနေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီမှာ နောက်ထပ် လုံခြုံရေးတွေ၊ ရဲတပ်ဖွဲ့တွေကို ထပ်ပြီးချခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်။ သူတို့ ခုလိုဆောင်ရွက်နေသလိုပဲ လူမှု အသိုင်းအဝိုင်းက ခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေကလည် အခြေအနေ ပြန်လည်တည်ငြိမ်ဖို့ ကြိုးစားနေကြပါတယ်။ ဒီလိုမျိုး ဆက်ပြီးဆောင်ရွက်သွားတာကို အမေရိကန်ပြည်ထောင်စုက မြင်သွားချင်ပါတယ်။
မိတ္ထီလာမှာ အခြေအနေတွေ တည်ငြိမ်စေဖို့အတွက် ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ကြိုးစားဆောင်ရွက်နေတယ်ဆိုတာကိုလည်း ပြောခွင့်ရသူ Victoria Nuland ကခုလို ပြောပါတယ်။
“အမေရိကန်ပြည်ထောင်စုရဲ့ စိုးရိမ်မှုကို မြန်မာနိင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell က မြန်မာအစိုးရ ထိပ်တန်းတာဝန်ရှိသူတွေကို တိုက်ရိုက် ဆက်သွယ်၊ အသိပေးထား ပါတယ်။ အမေရိကန် သရရုံးအနေနဲ့ အဆက်အသွယ်ရှိသမျှ လူမှုအဖွဲ့အစည်းတွင်းမှာ ရှိ တဲ့ ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ပြီးတော့ အခြေအနေကို တည်တည်ငြိမ်ငြိမ် လုပ်ကြဖို့
တိုက်တွန်းထားပါတယ်။”
သွေးထွက်သံယို အကြမ်းဖက်မှုတွေမှာ ထိခိုက် သေဆုံးခဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အတွက်လည်း အမေရိကန်က ဝမ်းနည်းကြောင်း ပြောခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့ တရားဥပဒေ ကို လေးစားလိုက်နာပြီး စိတ်ရှည်သည်းခံကြဖို့ ဆွေးနွေး အဖြေရှာကြဖို့အတွက်ကိုလည်း အမေရိကန် ပြည်ထောင်စုက တိုက်တွန်းခဲ့ပါတယ်ရှင်။