သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ခရီးသွားတွေ AL-Qaida သတိထား


A U.S. officer observes a moment of silence during an event to mark the 10th anniversary of the 9/11 attack on the World Trade Center, at the U.S. embassy in Kabul September 11, 2011 REUTERS/Omar Sobhani (AFGHANISTAN - Tags: ANNIVERSARY MILITARY POLITICS
A U.S. officer observes a moment of silence during an event to mark the 10th anniversary of the 9/11 attack on the World Trade Center, at the U.S. embassy in Kabul September 11, 2011 REUTERS/Omar Sobhani (AFGHANISTAN - Tags: ANNIVERSARY MILITARY POLITICS
အယ်လ်ကိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ခြိမ်းခြောက်မှုကို သတိထားဖို့အတွက် ကမ္ဘာတဝှမ်းမှာ ရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို အမေရိကန် အစိုးရက ခရီးသွား သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အကြမ်းဖက် အန္တရာယ်ကို အထူးသတိထားရမယ့် ဒေသတွေဟာ အရှေ့ အလယ်ပိုင်းဒေသနဲ့ မြောက်ပိုင်းအာဖရိက ဒေသဖြစ်တယ်လို့ သောကြာနေ့မှာ အမေရိကန် နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုတွေ လုပ်လာနိုင်တဲ့ ဒေသကတော့ အာရေဗျ ကျွန်းဆွယ် ဒေသလို့ လည်း ပြောပါတယ်။ ဒီသတိပေးချက်ထဲမှာ တိုက်ခိုက်မှုတွေကို အခု အချိန်ကစပြီး သြဂုတ်လကုန်အတွင်း အယ်လ်ကိုင်းဒါးနဲ့ သူနဲ့ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေကနေ အချိန်မရွေးလုပ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံကလည်း လုံခြုံရေး အခြေနေကြောင့် ယီမင်နိုင်ငံမှာရှိတဲ့ သူ့ရဲ့ သံရုံးကို တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ပိတ်ထားမယ်လို့ ပြောပါတယ်။ မူစလင်တွေရဲ့ Ramadan ဥပုသ်လ နောက်ဆုံးရက်တွေမှာ လုံခြုံရေးအတွက် အဓိက စိုးရိမ်တယ်လို့လည်း ပြောပါတယ်။

အခုအချိန်အထိ အကြမ်းဖက်တိုက်ခိုက်မယ့် အထောက်အထားတွေ မတွေ့ရသေးပေမယ့် အီးယူ ဥရောပသမဂ္ဂဟာ အမေရိကန်အရာရှိတွေနဲ့ ဆက်သွယ်ပြီး လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နေပြီလို့ ဥရောပကော်မရှင်ပြောခွင့်ရ Alexandra Polack က သောကြာနေ့မှာ ပြောပါတယ်။

ကြာသပတေးနေ့ကတော့ အမေရိကန်အစိုးရက လုံခြုံရေး အတွက် တနင်္ဂနွေနေ့မှာ ကမ္ဘာတလွှားက အမေရိကန် ကောင်စစ်ဝန်ရုံးတွေနဲ့ သံရုံးတွေကို ပိတ်ထားမယ်လို့ ကြေငြာခဲ့တာပါ။ ဒီသံရုံးတွေဟာ ပုံမှန်အတိုင်းဆို တနင်္ဂနွေနေ့မှာ ဖွင့်လေ့ရှိပါတယ်။ မူဆလင်တိုင်းပြည်တွေမှာ တနင်္ဂနွေနေ့ဟာ ရုံးဖွင့်ရက်ဖြစ်ပေမယ့် ဒီနိုင်ငံတွေက အမေရိကန်သံရုံးတွေနဲ့ ကောင်စစ်ဝန်ရုံးတွေကိုပါ ပိတ်ထားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG