သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အဂတိလိုက်စားမှုအန္တရာယ် ကမ္ဘာ့ဘဏ်စောင့်ကြည့်မည်


ကမ္ဘာ့ဘဏ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ Jim Yong Kim မြောက်ဒဂုံဆေးရုံသို့ သွားရောက်ချိန်က ဆရာဝန်တစ်ဦးကို လက်ဆွဲနှုတ်ဆက်စဉ်။(ဇန်နဝါရီ ၂၆၊ ၂၀၁၄)
ကမ္ဘာ့ဘဏ်အဖွဲ့ဥက္ကဋ္ဌ မစ္စတာ Jim Yong Kim မြောက်ဒဂုံဆေးရုံသို့ သွားရောက်ချိန်က ဆရာဝန်တစ်ဦးကို လက်ဆွဲနှုတ်ဆက်စဉ်။(ဇန်နဝါရီ ၂၆၊ ၂၀၁၄)
မြန်မာနိုင်ငံအတွက် ဒေါ်လာသန်း ၂ ထောင် အကူအညီပေးမယ့် ကမ္ဘာ့ဘဏ်အနေနဲ့- အကျင့်ပျက်ခြစားမှု အန္တရာယ်နဲ့ ပတ်သက်လို့တော့ သတိထား စောင့်ကြည့်သွားမှာဖြစ်တဲ့အကြောင်း ပြောလိုက်ပါတယ်။

မကြာသေးခင်နှစ်တွေအတွင်း အပြောင်းအလဲတွေ တွေ့မြင်လာရတဲ့ မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားရရှိရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် အကူအညီပေးဖို့ ကြေညာခဲ့ပေမဲ့ မသမာမှုတွေမဖြစ်အောင် စောင့်ကြည့်မှာဖြစ်တဲ့အကြောင်း ကမ္ဘာ့ဘဏ်ရဲ့ဥက္ကဋ္ဌ Jim Yong Kim က သတိပေးခဲ့တာပါ။

ကမ္ဘာ့ဘဏ်ရဲ့ အကြီးအကဲအဖြစ် စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာတုန်းက အကျင့်ပျက်ခြစားမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကူအညီပေးနေတဲ့ အစီအစဉ်တွေကို ဖျက်သိမ်းခဲ့တာကိုလည်း နမူနာအဖြစ်နဲ့ တနင်္လာနေ့က နေပြည်တော်မှာ သတင်းထောက်တွေကို ပြောဆိုသွားတာ ဖြစ်ပါတယ်။ စီးပွားရေးလုပ်ကိုင်ရတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကမ္ဘာ့ဘဏ်က နှစ်စဉ်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ကမ္ဘာတဝှမ်းက နိုင်ငံပေါင်း ၁၈၉ နိုင်ငံ အနက် မြန်မာနိုင်ငံဟာ အဆင့် ၁၈၂ မှာ ရှိနေတုန်းဘဲလို့ သတ်မှတ်ထားတာပါ။
ခရီးစဉ်အစ တနင်္ဂနွေနေ့မှာတုန်းကတော့ ကျန်းမာရေး စောင့်ရှောက်မှုမရနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသက ခန့်မှန်းခြေ လူဦးရေ ၇၅% နဲ့ လျှပ်စစ်မီးမရကြတဲ့ လူဦးရေ ၇၀% ကျော်အတွက် လိုအပ်ချက်တွေ ဖြည့်ဆည်းရေး ကူညီဖို့ ကမ္ဘာ့ဘဏ်က ကြေညာခဲ့ပါတယ်။

ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာတော့ မြန်မာအစိုးရအကြီးအကဲ သမ္မတဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နဲ့လည်း တွေ့ဆုံခဲ့သလို နေပြည်တော်မှာကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု နှီးနှောဖလှယ်ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG