သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် သြစတြေးလျမြို့တော် ရောက်ရှိ


သမ္မတဦးသိန်းစိန်နဲ့ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် ကင်ဘာရာမြို့တော်မှာ တွေ့ဆုံနေစဉ်။ (မတ်လ ၁၈ ရက်၊ ၂၀၁၃)။
သမ္မတဦးသိန်းစိန်နဲ့ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် ကင်ဘာရာမြို့တော်မှာ တွေ့ဆုံနေစဉ်။ (မတ်လ ၁၈ ရက်၊ ၂၀၁၃)။
သမ္မတဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံ ကင်ဘာရာ (Canberra) မြို့တော်ကို တနင်္ဂနွေနေ့ က ရောက်ရှိပါတယ်။ ၁၉၇၄ ခုနှစ်ကတည်းကဆိုရင် ပထမဆုံး ရောက်ရှိလာတဲ့ မြန်မာသမ္မတကို တနင်္လာနေ့ကျရင် သြစတြေးလျနိုင်ငံ ဘုရင်ခံချုပ် Quentin Bryce က အခမ်းအနားနဲ့ ကြိုဆိုဖို့ရှိတယ်လို့ သြစတြေးလျကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်းမှာ ဝန်ကြီးချုပ် ဂျူလီယာ ဂီးလာ့ဒ် (Julia Gillard) နဲ့တွေ့ဆုံမှာဖြစ်ပါတယ်။ မြန်မာအပေါ် အရေးယူဒဏ်ခတ်ထားမှုတွေကို ဖယ်ရှားပေးဖို့ အရေးကြီးတဲ့ စမ်းသပ်မှုတွေကို မြန်မာက အောင်မြင်ခဲ့တယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဘော့ဘ်ကား (Bob Carr) က ABC အသံလွှင့်ဌာနနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် သြစတြေးလျနိုင်ငံအနေနဲ့ ရှေ့ကိုပဲ ဆက်ကြည့်သွားမယ့် မူဝါဒကိုကျင့်သုံးခဲ့တာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဝန်ကြီးချုပ် Gillard နဲ့ သမ္မတဦးသိန်းစိန်တို့တွေ့ဆုံကြတဲ့အခါ လူ့အခွင့်အရေးကိစ္စတွေ ကို ပြောဖို့ရှိတယ်လို့လည်း မေးမြန်းခန်းမှာ မစ္စတာကား ကဖြေသွားခဲ့ပါတယ်။ သြစတြေးလျနိုင်ငံခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်ဟာ သြစတြေးလျက ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့လည်း တွေ့ဆုံဖို့ရှိပါတယ်။

သြစတြေးလျနိုင်ငံကို မလာခင် နယူးဇီလန်နိုင်င်ငံ ခရီးစဉ်တုန်းကလည်း သမ္မတဦးသိန်းစိန်ဟာ နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီး (John Key) အပြင် နယူးဇီလန်က စီးပွားရေးခေါင်းဆောင်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
XS
SM
MD
LG