မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ အပြောင်းအလဲတွေ ပေါ်ပေါက်လာပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ နိမ့်ကျနေဆဲ ဖြစ်တဲ့အတွက် တိုးတက်အောင် လုပ်ဆောင်ဖို့ ပြင်သစ်သမ္မတ François Hollande က အလည်အပတ်ရောက်နေတဲ့ သမ္မတ ဦးသိန်းစိန် ကို တိုက်တွန်းလိုက်ပါတယ်။
ဆက်လက် ဖမ်းဆီးထားဆဲ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ချက်ခြင်း ပြန်လွှတ်ပေးဖို့နဲ့ မတူကွဲပြားတဲ့ လူမှုအသိုင်းအဝိုင်းကြားက သွေးထွက်သံယို ပဋိပက္ခတွေကို အဆုံးသတ်အောင် လုပ်ဆောင်ဖို့၊ အပြစ်ရှိသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ ပြင်သစ်ခေါင်းဆောင်က တိုက်တွန်းခဲ့တာပါ။
လွန်ခဲ့တဲ့ ၂ နှစ် အတွင်း နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေပါ ပါဝင်ခွင့် ရလာတဲ့အထိ တွေ့မြင်ခဲ့ရပေမဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာလို အရေးတကြီး ဖြေရှင်းရမယ့် ကိစ္စတွေ ရှိနေတာကိုလည်း ဗုဒ္ဓဟူးနေ့က သမ္မတ ၂ ဦး တွေ့ဆုံချိန်မှာ သမ္မတ ဦးသိန်းစိန်ကို ပြောဆိုခဲ့တဲ့အကြောင်း ပြင်သစ်သမ္မတနန်းတော်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်က ဖော်ပြပါတယ်။
ပြင်သစ်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းတွေမှာ အကူအညီပေးဖို့ ဆန္ဒရှိတဲ့အကြောင်းလည်း ပြောဆိုခဲ့တာပါ။
သမ္မတ ဦးသိန်းစိန် ကတော့ သူ့ရဲ့သမ္မတသက်တမ်းအတွင်း ဒုတိယအကြိမ် ဥရောပ ခရီးစဉ်အဖြစ် ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကို အခုတကြိမ် ရောက်လာချိန်မှာ ခရီးစဉ်အစ လန်ဒန်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ဒီနှစ်ကုန် နောက်ဆုံးထား ပြန်လွှတ်ပေးမှာ ဖြစ်တဲ့အကြောင်း ကတိပေးခဲ့သလို၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို သန္ဓိဋ္ဌာန်ချ ဆောင်ရွက်နေတဲ့အကြောင်း ပြောခဲ့ပါတယ်။
ဒါပေမဲ့လည်း ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ် တလျှောက်လုံးမှာတော့ တက်ကြွလှုပ်ရှားသူတွေက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှု မရှိတာ၊ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း ပစ်မှတ်ထား ခံခဲ့ရတယ်လို့ဆိုတဲ့ မူဆလင် ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို လျစ်လျူရှုထားတယ်လို့လည်း ဝေဖန်ကန့်ကွက် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။