သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဦးသိန်းစိန် အမေရိကန်ရဲ့တားမြစ် စာရင်းက ပယ်ဖျက်


အမေရိကန် ပြည်ထောင်စုကို ရှေ့သီတင်းပတ်ထဲ ရောက်လာဖို့ ရှိနေတဲ့ မြန်မာသမ္မတ ဦးသိန်းစိန် အပါ အဝင် အစိုးရ တာဝန်ရှိသူတချို့အပေါ် ပိတ်ပင် တားမြစ်ထားတာကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ဖယ်ရှားပေးလိုက်ပါတယ်။

အစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့အပေါ် ကန့်သတ်ပိတ်ပင်ရမယ့် အထူး ပုဂ္ဂိုလ်တွေအဖြစ် စာရင်းသွင်းထားရာက ပယ်ဖျက်ပေးလိုက်တဲ့ အကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အမေရိကန် ပြည်ထောင် စု နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်ဖို့ သမ္မတ ဦးသိန်းစိန် ရောက် လာချိန်မှာပဲ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အရေးယူ ဒဏ်ခတ်မှုတွေကို ဖယ်ရှားပေးဖို့ ကတိပြုထားတဲ့ အမေရိကန်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာပဲ အမေရိကန် လုပ်ငန်းတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ မှုတွေ လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။
XS
SM
MD
LG