သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tiananmen နှစ်ပတ်လည် တရုတ်နိုင်ငံမှာ ကျင်းပ


၂၄ နှစ်မြောက် Tiananmen အရေးအခင်း နှစ်ပတ်လည်ချိန်မှာ တရုတ်အစိုးရဟာ ဘေဂျင်းမြို့တော်မှာ လုံခြုံရေး ထူထူထပ်ထပ် ချထားပြီး အင်တာနက်မှာ ဆင်ဆာ ဖြတ်တောက်မှုကိုလည်း တင်းတင်းကျပ်ကျပ် ပြုလုပ်နေပါတယ်။

၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ ဆန္ဒပြသူတွေကို တရုတ်စစ်တပ်က ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ် လုပ်တာတွေနဲ့ လူထုတွေ့ဆုံဆွေးနွေးပွဲ လုပ်တာတွေကို အာဏာပိုင်တွေက တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဆောင်ရွက်နေတာပါ။

တရုတ်စစ်တပ်ဟာ ဒီမိုကရေစီရေး ဆန္ဒပြကျောင်းသားတွေကို နှိမ်နင်းခဲ့တဲ့အတွက် ရက်သတ္တပတ်အကြာမှာ ဆန္ဒပြပွဲတွေ ရပ်စဲခဲ့ပါတယ်။ နှိမ်နင်းမှုအတွင်း လူ ရာဂဏန်းကနေ ထောင်ဂဏန်းအကြား သေဆုံးလိမ့်မယ်ဆိုပြီးတော့ ခန့်မှန်းခဲ့တဲ့အတွက် တရုတ်အစိုးရရဲ့ ဒီနှိမ်နင်းမှုအပေါ် တကမ္ဘာလုံးက ပြစ်တင် ဝေဖန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကတော့ ဆန္ဒပြမှုတွေ ဖြစ်ပွားလိမ့်မယ်ဆိုပြီး ယူဆခဲ့တာကြောင့် Tiananmen ရင်ပြင်နဲ့ ဘေဂျင်းမြို့က အခြားထင်ရှားတဲ့နေရာတွေမှာ လုံခြုံရေး အင်အားတွေ ချထားခဲ့တာပါ။

အခုလို နှစ်ပတ်လည် အချိန်ရောက်တိုင်း ဆန္ဒပြပွဲတွေ ဦးဆောင်ကျင်းပလိမ့်မယ်ဆိုတဲ့ သံသယကြောင့် တရုတ်အစိုးရဟာ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အတော်များများကို ထိန်းသိမ်းပြီး တချို့ကိုတော့ အနီးကပ် စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
XS
SM
MD
LG