တရုတ်နိုင်ငံမှာတော့ ထင်ရှားတဲ့ Tiananmen ရင်ပြင်အဝင်ဝကို ပြိုင်ကား တစ်စီးက ဝင်တိုက်ခဲ့တဲ့အတွက် မီးလောင်ကျွမ်းသွားခဲ့ပြီး လူ (၅) ဦး သေဆုံး သွားခဲ့ရပါတယ်။
တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းဌာနက ဒီကား အခုလို Tiananmen ရင်ပြင်ကို ဝင်မတိုက်ခင် ရင်ပြင်အဝနားမှာရှိနေတဲ့ လူအုပ်ကြီးကို အရင်ဝင်တိုက်ခဲ့တာမို့ အနည်းဆုံး လူပေါင်း ၃၈ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။ တရုတ်ရဲအရာရှိတွေနဲ့ အခု တိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာမှာ ရွှေ့ပြောင်းမှုတွေ အရေးပေါ် အမြန်လုပ်ပေးခဲ့ပြီး ဒီနေရာကို အရေးပေါ်အနေနဲ့ ခေတ္တ ပိတ်ထားလိုက်ပါတယ်။
အပြင်ကလူတွေ မတွေ့နိုင်အောင်၊ ဓာတ်ပုံမရိုက်နိုင်အောင် အကာအရံတွေ စိုက်ထူပြီး ပိတ်ထားတာ ဖြစ်ပါတယ်။ တကယ်တော့ ဒီ Tiananmen ရင်ပြင်ဟာ ၁၉၈၉ ခုနှစ်၊ တရုတ် ဒီမိုကရေစီ ဆန္ဒပြပွဲတွေ အဓိက ဖြစ်ပွားခဲ့တဲ့ နေရာ လည်း ဖြစ်ပါတယ်။
အဲဒီ ဒီမိုကရေစီလှုပ်ရှားမှုကို တရုတ်အစိုးရက သွေးထွက်သံယို ဖိနှိပ်ဖြေရှင်းခဲ့တဲ့ ပုံရိပ်တွေဟာ ကမ္ဘာတဝှန်း အကြီးအကျယ် ပြန့်နှံ့သွားခဲ့ဖူးပါတယ်။ ဒီရင်ပြင်ဟာ တကယ်တော့ တရုတ်နိုင်ငံထူထောင်သူ ခေါင်းဆောင်ကြီး မော်စီတုန်းရဲ့ အာဇာနည်ဗိမာန်နဲ့ တရုတ်ပြည်သူ့လွှတ်တော် တည်ရှိရာ Great Wall မဟာတံတိုင်းကြီးတို့က ဝန်းရံထားတဲ့နေရာလည်း ဖြစ်ပါတယ်။