သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အစိုးရ ဆန့်ကျင်သူ တိဘက်လူမျိုးတဦး မီးရှို့အဆုံးစီရင်


ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြမှုများ ဖြစ်ပွားရာနေရာ တချို့ကို ဖော်ပြထားသည့် မြေပုံ။ (အောက်တိုဘာလ ၂၃၊၂၀၁၂)။
ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြမှုများ ဖြစ်ပွားရာနေရာ တချို့ကို ဖော်ပြထားသည့် မြေပုံ။ (အောက်တိုဘာလ ၂၃၊၂၀၁၂)။
တိဘက်ဒေသမှာ တရုတ် အုပ်ချုပ်မှုကို ကန့်ကွက်တဲ့အနေနဲ့ တနင်္ဂနွေနေ့က အသက် (၁၇) နှစ် အရွယ် မိန်းကလေးငယ် တဦးဖြစ်တဲ့ Wanchen Kyi ဟာ ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့ပါတယ်။ သူမတကိုယ်လုံး မီးတောက်တွေနဲ့ ဖုံးနေချိန်မှာ တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမား ကို ထောက်ခံကြောင်းနဲ့ တိဘက်လွတ်မြောက်ဖို့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ သူဟာ အဲဒီနေရာမှာပဲ သေဆုံးသွားခဲ့တာပါ။

သူ မီးရှို့ ဆန္ဒပြတဲ့ နေရာကို တိဘက်ဘုန်းတော်ကြီးတွေ အပါအဝင် တိဘက်လူမျိုး သုံးထောင်ကျော် လာရောက် စုဝေးကြပြီး ဆုတောင်းစာတွေ ရွတ်ဖတ်ခဲ့ကြပါတယ်။

စနေနေ့ကလည်း ငယ်ရွယ်တဲ့ တိဘက်ဘုန်းတော်ကြီး ၂ ပါး ကိုယ့်ကိုယ်ကို မီးရှို့ပြီး တရုတ် အုပ်ချုပ်မှုကို ဆန္ဒပြရာက သေဆုံးခဲ့ကြရပါတယ်။ တရုတ်နိုင်ငံ အနောက်ပိုင်းမှာ ၂၀၀၉ ခုနှစ်က စပြီး တိဘက်တွေ ကိုယ့်ကိုယ်ကို မီးရှို့ အဆုံးစီရင် ဆန္ဒပြမှုပေါင်း ၉၅ ခု ဖြစ်ပွားခဲ့ပြီး နိုဝင်ဘာလ တလတည်းမှာပဲ ၂၈ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လုံခြုံရေးတွေ ထူထူထပ်ထပ် ချထားတဲ့ကြားကပဲ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင် ဆန္ဒပြမှုတွေနဲ့ အတူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတွေ တိုးလာခဲ့တာပါ။

တနင်္ဂနွေနေ့က Sichuan ခရိုင်မှာ တရုတ်ဆန့်ကျင်ရေး အတွက် မီးရှို့ဆန္ဒပြဖို့ လှုံ့ဆော်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ တိဘက်ဘုန်းတော်ကြီး တပါးနဲ့ သူ့ တူတယောက်ကို ဖမ်းမိခဲ့တယ်လို့ တရုတ်အစိုးရ သတင်းက ရေးပါတယ်။ အဲဒီ ဆန္ဒပြပွဲမှာ ၃ ဦး သေဆုံးခဲ့ရပါတယ်။

တရုတ်ရဲတွေကတော့ သူတို့ဟာ အဝေးရောက် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ အမိန့်အရ လုပ်ဆောင်နေကြတာလို့ ဆိုပါတယ်။ တရုတ်အစိုးရဟာ အိန္ဒိယ အခြေစိုက် ဘုန်းတော်ကြီး ဒလိုင်းလားမားကို တိဘက်တွေ ခွဲထွက်နိုင်အောင် အခုလို မီးရှို့ဆန္ဒပြမှုတွေ လုပ်ခိုင်းနေတယ်လို့ စွပ်စွဲထားပေမဲ့ ဘုန်းတော်ကြီးကတော့ မဟုတ်မှန်ကြောင်း ပြောပါတယ်။
XS
SM
MD
LG