သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အုပ်စိုးမှု တိဗက်လေးဦး မီးရှို့ဆန္ဒပြ


တိဗက်ဒေသအပေါ် တရုတ်တို့ရဲ့မူဝါဒကို ဆန့်ကျင်ပြီး ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြတဲ့ တိဗက် လူမျိုးတွေထဲမှာ အခု နောက်ဆုံး ဆန္ဒပြတဲ့သူတွေကတော့ ငယ်ရွယ်တဲ့ကလေးအမေတဦးနဲ့ ဘုန်းတော်ကြီး သုံးပါးတို့ ဖြစ်ပါတယ်။

သူတို့ထဲက ကလေးမိခင်နဲ့ ဘုန်းတော်ကြီးတစ်ပါးတို့ သေဆုံး ပျံလွန်တော်မူသွားကြတယ်လို့ ဗွီအိုအေ တိဗက်ဌာနက ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ကလေးမိခင်ဟာ တိဗက်ဒေသအရှေ့ပိုင်းဒေသမှာ မီးရှို့ဆန္ဒပြရင်း ဒလိုင်းလားမား သူ့နိုင်ငံကို ပြန်လာဖို့အတွက် တောင်းဆိုသွားခဲ့ပါတယ်။ သူ့မှာ အသက်ငါးနှစ်အရွယ် သားလေးတစ်ဦးကျန်ခဲ့ပြီး ဒီလို မီးရှို့ဆန္ဒပြဖို့အတွက် လပေါင်းများစွာ ကြိုတင်ကြံစည်ခဲ့တယ်လို့ သူ့မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။

မီးရှို့ဆန္ဒပြတဲ့ ဘုန်းတော်ကြီးသုံးပါးတို့ဟာ ဂိုမဲန်မြို့နယ်ထဲက ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ကိုရင် ကလေးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့တတွေဟာ ရဲစခန်းတခုရှေ့မှာ ဆန္ဒပြကြတာဖြစ်ပြီး ၁၅ နှစ်အရွယ် ကိုရင်ကတော့ ပျံလွန်တော်မူသွားပြီး ကျန်နှစ်ပါးကို တရုတ်လုံခြုံရေးအရာရှိတွေက ဆေးရုံကို ခေါ်ဆောင်သွားကြပါတယ်။

၂၀၀၉ ခုနှစ်ကစပြီး အခုလို မီးရှို့ဆန္ဒပြမှု ၆၇ ကြိမ် ဖြစ်ခဲ့တဲ့အနက် ၅၃ ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG