သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၂ အထူးခြားဆုံးပုဂ္ဂိုလ် သမ္မတအိုဘားမား


အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားကို ၂၀၁၂ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။ သမ္မတအိုဘားမားရဲ့ သမိုင်းဝင် ရွေးကောက် ပွဲအောင်မြင်မှုဟာ အမေရိကန်နိုင်ငံရဲ့ အပြောင်းအလဲ ကို ဖော်ဆောင်တဲ့ ပြယုဂ်တခုဖြစ်ပြီး သူဟာ အမေရိကန်နိုင်ငံသစ်ရဲ့ ဗိသုကာတဦးအဖြစ်လည်း Time မဂ္ဂဇင်းက မှတ်ချက်ချ ထားပါတယ်။

ဒါဟာ ဒုတိယအကြိမ် ချီးကျူးအသိအမှတ်ပြုခံရတာဖြစ်ပြီး ဒီမိုကရက်ပါတီဝင် ပထမဦးဆုံး အာဖရိကနွယ်ဖွား အမေရိကန်သမ္မတတဦးအဖြစ် ၂၀၀၈ ခုနှစ်မှာ ပထမအကြိမ် အရွေးခံခဲ့ ရတုန်းကလည်း အလားတူ ဂုဏ်ပြုခံခဲ့ရပါတယ်။

ဒုတိယထူးခြားတဲ့ ပုဂ္ဂိုလ်အဖြစ် Time မဂ္ဂဇင်းရဲ့ ရွေးချယ်မှုကို ခံရသူတဦးကတော့ တာလီဘန်တွေရဲ့ ပစ်ခတ်မှုကြောင့် သေလုမျောပါး ဖြစ်ခဲ့ရတဲ့ မိန်းကလေးများ ပညာရေးအတွက် လှုပ်ရှားသူ ပါကစ္စတန်နိုင်ငံသူလေး မာလာလာ ယူစွတ်ဇိုင်ရီ ဖြစ်ပါတယ်။

တခြား ဆန်ခါတင်ရွေးချယ်ခံရသူတွေထဲမှာတော့ Apple ရဲ့ CEO တင်မ်ကွတ်ခ် (Tim Cook) ၊ အီဂျစ်သမ္မတ မိုဟာမက်မော်စီနဲ့ အီတလီသိပ္ပံပညာရှင် ဖာဘီယိုလာ ဂျီရန်နာတီး တို့ပဲ ဖြစ်ကြ ပါတယ်။
XS
SM
MD
LG