အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေကိုဖြတ်ပြီး တိုက်ခတ်နေတဲ့ အင်အားပြင်းမုန်တိုင်းဟာ tornado မုန်တိုင်းတွေအဖြစ် ဆင့်ကဲပြန့်ပွားသွားပြီး အနည်းဆုံး လူ (၁၆) ဦးလောက်သေဆုံးခဲ့ရပါတယ်။ ဒီ tornado မုန်တိုင်းတွေဟာ တနင်္လာနေ့အထိ တိုက်ခတ်နိုင်ပြီး အရှေ့ဘက်ခြမ်းကို ဆက်ပြီးဝင်ရောက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းပြောဆိုထားပါတယ်။
Arkansas ပြည်နယ်မြို့တော် Little Rock ရဲ့ ဆင်ခြေဖုံးနေရာတွေဟာ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရပြီး အနည်းဆုံး လူ (၁၅) ဦးသေဆုံးခဲ့ပါတယ်လို့ သက်ဆိုင်ရာအရာရှိတွေက ပြောပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းတုန်းကလည်း တောင်ပိုင်းပြည်နယ်တခုဖြစ်တဲ့ Oklahoma ပြည်နယ်ကို tornado မုန်တိုင်း တိုက်ခတ်ခဲ့တဲ့အတွက် လူတစ်ဦးသေဆုံးခဲ့ပါတယ်။
ပြင်းထန်တဲ့လေတိုက်နှုန်းကြောင့် အိမ်တွေ ဒါဇင်နဲ့ချီ ပျက်စီးခဲ့ရသလို သစ်ပင်တွေလည်း အမြစ်ကနေပြိုလဲခဲ့ပြီး ကားတွေပေါ်မှာ ပိကျခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံကိုရောက်နေတဲ့ သမ္မတအိုဘားမားကလည်း မုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့သူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေ ပြန်လည်ထူထောင်ရေးအတွက် အစိုးရက ကူညီထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
Tornadoes မုန်တိုင်းဟာ တနင်္လာနေ့မှာ Louisiana ၊ Alabama ၊ Mississippi နဲ့ Tennessee ပြည်နယ်တွေကို ဝင်ရောက်နိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။