သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ


ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ( သတင်းဓာတ်ပုံ- သူရဦးရွှေမန်း FB)
ဗြိတိန် ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲ လွှတ်တော် ဥက္ကဋ္ဌနဲ့ တွေ့ဆုံ ( သတင်းဓာတ်ပုံ- သူရဦးရွှေမန်း FB)

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ ဟာ မြန်မာနိုင်ငံမှာ ရောက်နေပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ မစ္စတာတိုနီဘလဲကို ဒီကနေ့မနက် ၁၀ နာရီခွဲက ပြည်သူ့လွှတ်တော်အဆောက်အဦး ဧည့်ခန်းမမှာ လက်ခံ တွေ့ဆုံတယ်လို့ သူရဦးရွှေမန်းရဲ့ တရားဝင် ဖေ့စ်ဘုတ် မှာဖော်ပြ ထားပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒေါ်စုတွေ့ဆုံ။
ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒေါ်စုတွေ့ဆုံ။

အဲဒီနောက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်မှာ မစ္စတာ တိုနီ ဘလဲဟာ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်း ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ နေပြည်တော် လွှတ်တော်ဝင်း ကော်မတီဆောင် I-12 မှာ သွားရောက်တွေ့ဆုံ တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ တရားဝင် ဖေ့စ်ဘုတ်မှာ ဖော်ပြထားပါတယ်။

မစ္စတာတိုနီဘလဲရဲ့ အခုတကြိမ် မြန်မာနိုင်ငံခရီးစဉ်ဟာ ဘယ်လိုရည်ရွယ်ချက် အကြောင်းကိစ္စနဲ့လာတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် အစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသလားဆိုတာကိုလည်း မသိရသေးပါဘူး။

ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲဟာ ၂၀၀၈ ခုနှစ်မှာ တိုနီဘလဲ Faith ဖောင်ဒေးရှင်း ဆိုတာကို တည်ထောင်ထားပါတယ်။ အဲဒီ ဖောင်ဒေးရှင်းရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ နိုင်ငံတွေရဲ့အခြေအနေ အကျဉ်းချုပ်နဲ့ အစီရင်ခံစာတွေထဲမှာ မြန်မာ နိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း ပါဝင်ပါတယ်။

XS
SM
MD
LG