သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုရွန်တို မြို့တော်ဝန် လုပ်ပိုင်ခွင့်တာဝန်တချို့ ဖယ်ရှားခံရ


မူးယစ်ဆေးသုံးစွဲကြောင်း ဝန်ခံထားတဲ့ ကနေဒါနိုင်ငံ၊ တိုရွမ်တိုမြို့တော်ဝန် Rob Ford.
မူးယစ်ဆေးသုံးစွဲကြောင်း ဝန်ခံထားတဲ့ ကနေဒါနိုင်ငံ၊ တိုရွမ်တိုမြို့တော်ဝန် Rob Ford.
ကနေဒါနိုင်ငံ၊ Toronto မြို့တော်ဝန်ရဲ့ မူးယစ်ဆေးဝါးနဲ့ အရက်သေစာ သောက်စားမှု အရှုပ်တော်ပုံ လူသိရှင်ကြားဖြစ်ခဲ့ပေမဲ့ ရာထူးကနေဆင်းဖို့ မြို့တော်ဝန် Rob Ford က ငြင်းဆန်ခဲ့ပြီးနောက် သူ့ရဲ့ တာဝန်ခန့်အပ်ပိုင်ခွင့် အာဏာတချို့ကို Toronto မြို့တော်ကာင်စီက ဖယ်ရှားလိုက်ပါတယ်။

မြို့တော်ဝန် Rob Ford ရဲ့ တာဝန်ခန့်အပ်မှုတွေကို ဆိုင်းငံ့ထားဖို့အတွက် မြို့တော် ကောင်စီမှာမဲခွဲခဲ့တာမှာ ထောက်ခံမဲ ၃၉ မဲ၊ ကန့်ကွက်မဲ ၃ မဲ ရရှိခဲ့ပါတယ်။ ဒုတိယမြို့တော်ဝန်နဲ့ အမှုဆောင်ကော်မတီဝင်တွေကိုလည်း ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အပေါ် သူ့အနေနဲ့
မထောက်ခံပေမဲ့ တခြားရွေးစရာလမ်း မရှိဘူးလို့ Mr. Ford ကပြောပါတယ်။

မြို့တော်ဝန် Ford က Cocaine မူးယစ်ဆေးသုံးစွဲတယ်ဆိုတာကို ဝန်ခံခဲ့သလို တရားမဝင် မူးယစ်ဆေးတွေ ဝယ်ယူတယ်ဆိုတာကိုလည်း ဝန်ခံခဲ့ပေမဲ့ ရာထူးတာဝန်ကနေ နှုတ်ထွက်ပေးဖို့ ငြင်းဆန်ထားပါတယ်။ သူ့ရဲ့လုပ်ရပ်အပေါ် မြို့တော် ကောင်စီက မကျေနပ်ကြပေမဲ့ ရာဇဝတ်မှုကျူးလွန်တာ မဟုတ်ရင် သူ့ကို ရာထူးကနေ ဖယ်ရှားနိုင်လောက်အောင် လုပ်ပိုင်ခွင့်မရှိတဲ့အတွက် မြို့တော်ဝန်ရဲ့ လုပ်ပိုင်ခွင့်တချို့ကို ဖယ်ရှားခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG