သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်မုန်တိုင်း လူ ၅ ဦးမကသေဆုံး


ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း သိန်းပေါင်းများစွာ မုန်တိုင်းဒဏ်ခံခဲ့ရပြီး လူ ၅ ဦးမကလည်း သေဆုံးခဲ့ရပြီးနောက် အဲဒီအပူပိုင်းမုန်တိုင်းဟာ Taiwan ကျွန်းဘက်ကို ဆက်လက်ရွေ့လျားသွားပြီ ဖြစ်ပါတယ်။

Fung-Wong မုန်တိုင်းဟာ တနာရီ မိုင် ၆၀ နှုန်းနဲ့ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကို သောကြာနေ့က ဝင်ရောက်ခဲ့ပြီး အဲဒီဒေသမှာ လျှပ်စစ်မီးတွေပျက်၊ ရေတွေကြီးနဲ့ အဆောက်အဦးအမိုးတွေ လန်ထွက်ကုန်တာပါ။ မနီလာမြို့တော် နေရာအနှံံ့အပြားမှာ ရေတွေကြီးလို့ လုပ်ငန်းအသွားအလာတွေ ရပ်ဆိုင်းခဲ့ရပြီး အစိုးရရုံးတွေ ပိတ်ခဲ့ရသလို သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ အနှောင့်အယှက်ဖြစ်ခဲ့တာပါ။ ကျောင်းတွေကိုတော့ ၂ ရက်ဆက်တိုက်ပိတ်ထားတာပါ။

Fung-Wong မုန်တိုင်းဟာ Taiwan ကျွန်း ကို တနင်္ဂနွေနေ့မှာ ရောက်ရှိမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်ရှင်။

XS
SM
MD
LG