၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံကို အဏုမြူဗုံး ကြဲဖို့ အမိန့်ပေးခဲ့တဲ့ အမေရိကန်သမ္မတ Harry Truman ရဲ့ မြေးဖြစ်သူဟာ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို ဒီကနေ့ စနေနေ့မှာ သွားရောက်ခဲ့ပြီး၊ အဏုမြူဗုံးဒဏ်ကြောင့် သေဆုံးခဲ့ရတဲ့ သူတွေအတွက် ၁ မိနစ်ခန့် ငြိမ်သက် ဝတ်ပြုခဲ့ပါတယ်။
ငြိမ်းချမ်းရေး ပရဟိတအဖွဲ့တခုဖြစ်တဲ့ Sadako Legacy အဖွဲ့က Clifton Truman Daniel ကို သြဂုတ်လ ၆ ရက်နေ့ နဲ့ ၉ ရက်နေ့တွေမှာ ဟီရိုရှီးမား နဲ့ နာဂါဆာကီ မြို့တွေကို ဗုံးကြဲခဲ့တဲ့ (၆၇) နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ အတွက် ဖိတ်ကြားခဲ့တာကြောင့် သူဟာ ဂျပန်နိုင်ငံကို ရောက်ရှိနေတာ ဖြစ်တယ်လို့ ကျိုဒို သတင်းဌာနက ပြောပါတယ်။
သူဟာ သမ္မတ Truman ဆွေမျိုးတွေထဲက ဒီအခမ်းအနားကို ပထမဆုံးတက်တဲ့သူ ဖြစ်ပါတယ်။ အဏုမြူဗုံးကြဲ တိုက်ခိုက်မှု နဲ့ နောက်ပိုင်း ရေဒီယိုဓာတ်သတ္တိ အဆိပ်သင့်မှုကြောင့် သေဆုံးခဲ့တဲ့ လူပေါင်း ၂ သိန်းကို သတိရ အောက်မေ့တဲ့ အခမ်းအနားကို နှစ်စဉ် လူထောင်ပေါင်းများစွာ တက်ရောက်ကြပါတယ်။