သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှဒေသ လုံခြုံရေး Donald Trump ဝေဖန်


တောင် မြောက် ကိုရီးယား နယ်စပ်။
တောင် မြောက် ကိုရီးယား နယ်စပ်။

ရီပတ်ဘလီကန်ပါတီတွင်း သမ္မတလောင်းဖြစ်ရေး ကြိုးစားနေသူတွေထဲ ထိပ်ဆုံးမှာရှိနေတဲ့ Donald Trump ဟာ အာရှတိုက်က အမေရိကန်ရဲ့ အဓိက မဟာမိတ်တွေကြားမှာတော့ ရေပန်းမစားဘဲ ဖြစ်နေပါတယ်။ ဒေသတွင်း လုံခြုံမှုရှိအောင်ဆောင်ရွက်ရာမှာ အမေရိကန်ရဲ့ အာရှ မဟာမိတ်တွေဘက်က ငွေကြေးထည့်ဝင်မှုနဲ့ပတ်သက်လို့ ဝေဖန်သလို၊ မဟာမိတ်တွေ အနေနဲ့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့အတွက် ကိုယ်ပိုင် နျူကလီယား လက်နက်တွေတွေ ထုတ်သင့်တယ်လို့ မစ္စတာ Trump က ပြောဆိုခဲ့တာကြောင့်လည်း အခုလို အာရှမဟာမိတ်တွေ ကြားမှာ အကြိုက်နည်းနေတာပါ။

နယူးယောက်တိုင်မ်းစ် သတင်းစာကြီးနဲ့ မေးမြန်းခန်းမှာ မစ္စတာ Trump က ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေနဲ့ အမေရိကန်အကြား နှစ်ပေါင်းများစွာရှိလာခဲ့တဲ့ လုံခြုံရေးဆိုင်ရာ သဘောတူစာချုပ်တွေကို အပြည့်အ၀ ပြန်လည် သုံးသပ်ရလိမ့်မယ်လို့လည်း တောင်းဆိုလိုက်ပါတယ်။

အာရှဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ရှိစေဖို့အတွက် အမေရိကန်က ဂျပန်နိုင်ငံမှာ တပ်ဖွဲ့အင်အား ၅ သောင်းနဲ့ တောင်ကိုရီးယားနိုင်ငံမှာ တပ်ဖွဲ့အင်အား ၂၈,၅၀၀ ချထားပေမဲ့၊ ဒီနှစ်နိုင်ငံတွေဘက်ကနေ အမေရိကန်ကို ပြန်လည်ကူညီတာကတော့ မဆိုသလောက်ပဲ ရှိတယ်။ ဒါကြောင့် အာရှမဟာမိတ်နိုင်ငံတွေဟာ အချောင်လိုက်နေသူတွေပဲလို့ ဆိုပြီး မစ္စတာ Trump က အစောပိုင်းကတည်းက ဝေဖန်လာတာပါ။ဒါကြောင့် အမေရိကန်အနေနဲ့ အာရှဒေသတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ဒေါ်လာ လီလီယံပေါင်းနဲ့ချီ ဆက်အကုန်အကျ မခံနိုင်တော့ဘူလို့ Trump က ပြောပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားအစိုးရတွေ အနေနဲ့ အမေရိကန်ကို လုံခြုံရေးစရိတ်တိုးမပေးရင် ဒီတပ်တွေကို ပြန်ရုတ်သိမ်းဖို့ စဉ်းစားမယ်လို့လည်း နယူးယောက်တိုင်မ်းစ် သတင်းစာကြီးကို Trump က ပြောဆိုသွားပါတယ်။

XS
SM
MD
LG