သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်္ဂါနေ့ ပဏာမရွေးကောက်ပွဲများ Trump နဲ့ Clinton အနိုင်ရ


အင်္ဂါနေ့ ပဏာမရွေးကောက်ပွဲများ Trump နဲ့ Clinton အနိုင်ရ
အင်္ဂါနေ့ ပဏာမရွေးကောက်ပွဲများ Trump နဲ့ Clinton အနိုင်ရ

အမေရိကန် သမ္မတလောင်း အကြိုမဲပေးပွဲတွေ အင်္ဂါနေ့က ကျင်းပရာမှာ ရီပတ်ဘလစ်ကန်ပါတီက ရှေ့တန်းရောက်နေတဲ့ ကုဋေကြွယ်သူဌေး Donald Trump ပြည်နယ် ၅ ခုစလုံးမှာ အနိုင်ရသွားပါတယ်။

အမေရိကန် အရှေ့မြောက်ပိုင်း ပြည်နယ်တွေမှာ ဆက်တိုက်ဆိုသလို အနိုင်ရခဲ့တဲ့ အတွက်လည်း ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ပိုမိုနီးစပ်လာနေပါတယ်။ မနေ့က အကြိုမဲပေးပွဲတွေ ကျင်းပခဲ့တဲ့ Connecticut, Delaware, Maryland, Pennsylvania နဲ့ Rhode Island ပြည်နယ် အသီးသီးမှာ မဲ ၅၅ ရာခိုင်နှုန်းကျော်စီနဲ့ အလွယ်တကူ အနိုင်ရရှိခဲ့တာပါ။

ထောက်ခံသူတွေကို အင်္ဂါနေ့က မိန့်ခွန်းပြောရာမှာတော့ ယှဉ်ပြိုင်မှုတွေ ပြီးဆုံးပြီး၊ သမ္မတလောင်းအဖြစ် သူသာ အရွေးခံရမယ့်သူဖြစ်တဲ့အကြောင်း Trump က ပြောဆိုသွားပါတယ်။ မနေ့က အကြိုမဲပေးပွဲတွေ ပြီးဆုံးချိန်မှာတော့ သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းခံရဖို့ လိုအပ်တဲ့ ပါတီညီလာခံ ကိုယ်စားလှယ် ၁,၂၃၇ ယောက်အနက် ထောက်ခံမဲ ၉၅၀ ရရှိထားပါတယ်။

ဒါပေမဲ့လည်း ဇူလိုင်လထဲ ကျင်းပမယ့် ရီပတ်ဘလစ်ကန်ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ ရွေးချယ်ခံရနိုင်တဲ့အထိ စိတ်ချရတဲ့ အရေအတွက်တော့ မဟုတ်သေးပါဘူး။ ပြိုင်ဖက်တွေ ဖြစ်ကြတဲ့ Texas ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz နဲ့ Ohio ပြည်နယ် အုပ်ချုပ်ရေးမှူး John Kasich တို့ ၂ ဦးစလုံးကတော့ ကျန်ကိုယ်စားလှယ်တွေရဲ့ ထောက်ခံမှုတွေရရင်တောင်မှ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရလောက်တဲ့ မဲအရေအတွက် မရနိုင်ပဲ ဖြစ်နေကြသလို၊ Trump ကို ဟန့်တားနိုင်အောင် ပိုပြီး အာရုံစိုက်လာနေကြပါတယ်။

ဒီမိုကရက်တစ် ပါတီဖက်မှာတော့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Hillary Clinton က ပြည်နယ် ၄ ခုမှာ အနိုင်ရပြီး ပြိုင်ဖက်ဖြစ်တဲ့ Bernie Sanders ကတော့ Rhode Island ပြည်နယ်မှာသာ အနိုင်ရခဲ့တာပါ။

ဒီမိုကရက်တစ်ပါတီ ညီလာခံ ကိုယ်စားလှယ် ၂,၁၄၁ ယောက်ရဲ့ ထောက်ခံမဲတွေ ရရှိထားတဲ့အတွက် ကလင်တန် အနေနဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံမှာ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရဖို့ ကိုယ်စားလှယ်မဲ ၂၄၂ မဲသာ ရဖို့ လိုပါတော့တယ်။ ပြိုင်ဖက်ဖြစ်သူ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Sanders ကတော့ ပါတီညီလာခံ ကျင်းပမယ့် အချိန်အထိ ဆက်လက် ယှဉ်ပြိုင်သွားမယ်လို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG