သုံးရလွယ်ကူစေသည့် Link များ

တူနီးရှားပါလီမန်ဖျက်သိမ်းဖို့ ဆန္ဒပြသမားတွေတောင်းဆို


တူနီးရှား ဆန္ဒပြပြည်သူများ။ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၃)။
တူနီးရှား ဆန္ဒပြပြည်သူများ။ (ဇူလိုင်လ ၂၇ ရက်၊ ၂၀၁၃)။
တူနီးရှားနိုင်ငံမှာ အဓိက အတိုက်အခံနိုင်ငံရေးသမားတဦး လုပ်ကြံသတ်ဖြတ် ခံခဲ့ရပြီးနောက် ဆန္ဒပြပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေရာမှာ စနေနေ့မှာတော့ လွှတ်တော်အဆောက်အဦး အပြင်မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ အသုံးပြု ဖြိုခွဲခဲ့ပါတယ်။ ဆန္ဒပြသူတွေကတော့ လွှတ်တော်ကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြတာပါ။ Tunis မြို့တော်မှာပဲ အစိုးရကို ထောက်ခံသူတွေကလည်း ဆန္ဒပြပွဲတခုကို သီးခြား ပြုလုပ်ခဲ့ကြ ပါတယ်။

တူနီးရှားနိုင်ငံက ဘာသာရေးအစွဲကင်းတဲ့ Popular Front ပါတီက လုပ်ကြံခံလိုက်ရတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Mohamed Brahmi ရဲ့ ဈာပနအခမ်းအနား အပြီးမှာပဲ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။ အတိုက်အခံ ခေါင်းဆောင်ကိုတော့ လွန်ခဲ့တဲ့ ၅ လလောက်တုန်းက နိုင်ငံရေး သမားတဦးကို ပစ်သတ်ခဲ့တဲ့ သေနတ်နဲ့ပဲ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အချက်ပေါင်း ၁၄ ချက် ပစ်ခတ်လုပ်ကြံခဲ့တာပါ။

နိုင်ငံတော်အလံ လွှမ်းခြုံလာတဲ့ အခေါင်းကို Tunis မြို့ထဲ သယ်ဆောင်လာတဲ့ ဈာပနမှာ လိုက်ပါလာသူ တချို့ကတော့ အစိုးရဆန့်ကျင်ရေး ကြွေးကြော် သံတွေ အော်ဟစ်ခဲ့ကြသလို၊ ကွယ်လွန်သူ အတိုက်အခံ ခေါင်းဆောင်ရဲ့ ဓာတ်ပုံတွေကိုလည်း ဝှေ့ယမ်းခဲ့ကြပါတယ်။ တူနီးရှား အာဏာပိုင်တွေကတော့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အယ်လ်ခိုင်းဒါးနဲ့ ဆက်နွယ်တဲ့ အစွန်းရောက် သမားတွေကို အပြစ်ဖို့ထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG