သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှား သမ္မတ ရွေးကောက်ပွဲ ကျင်းပ


တူနီးရှားသမ္မတရွေးကောက်ပွဲ မဲပေးနေသူ ပြည်သူတဦး
တူနီးရှားသမ္မတရွေးကောက်ပွဲ မဲပေးနေသူ ပြည်သူတဦး

တူနီးရှားနိုင်ငံသားတွေအနေနဲ့ သူတို့နိုင်ငံ ဒီမိုကရေစီခရီးမှာ အဓိကမှတ်တိုင်ဖြစ်မယ့် သမ္မတရွေးကောက်ပွဲတွေအတွက် တနင်္ဂနွေနေ့မှာ မဲပေးခဲ့ကြပါတယ်။

အစပိုင်းရလဒ်တွေကိုတော့ တရားဝင် မထုတ်ဖော်သေးပါဘူး။ ဒါပေမဲ့ သမ္မတလောင်း Beji Caid Essebsi ရဲ့ အစ္စလာမ် ဆန့်ကျင်ရေး ပါတီကတော့ သူ့ပြိုင်ဖက် ကြားဖြတ်သမ္မတ Moncef Marzouki ကို အနိုင်ရ အောင်ပွဲခံလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။

Essebsi ရဲ့ ရွေးကောက်ပွဲစည်းရုံးရေးမန်နေဂျာက အစပိုင်းအထောက်အထားတွေအရ ၈၈ နှစ်ရှိပြီဖြစ်တဲ့ ဝန်ကြီးဟောင်းဖြစ်သူ သူ့ သမ္မတလောင်း အနိုင်ရနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သမ္မတလောင်း Marzouki ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးမန်နေဂျာကတော့ ခုလိုနိုင်တယ်ပြောတာကို ငြင်းပယ်လိုက်ပြီး ရွေးကောက်ပွဲ ရလဒ်က သူမသာကိုယ်မသာ သိပ်မကွာဘူးဖြစ်နေတယ်လို့ ဆိုပါတယ်။

အာရပ်နွေဦးလို့ ခေါ်ဝေါ်တဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို စခဲ့တဲ့ ဒီ တူနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းမှုမှာ နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့တဲ့ သမ္မတဟောင်း Zine El Abidine Ben Ali ကို ၂၀၁၁ ခုနှစ်က ဖြုတ်ချခဲ့အပြီးကတည်းကဆိုရင်အခုမဲပေးမှုဟာ နောက်ဆုံးအဆင့် ဖြစ်တယ်လို့ အများက သတ်မှတ်ထားပါတယ်။

တူနီးရှားအနေနဲ့ ခုလို ပထမဆုံးနိုင်ငံအဖြစ် အာဏာရှင်ကို ဖြုတ်ချနိုင်ခဲ့တာကြောင့် အခြား အာရပ်နိုင်ငံတွေကိုပါ အားကျသွားစေပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေ ဒေသတွင်း ပျံ့နှံ့သွားခဲ့ပါတယ်။

XS
SM
MD
LG