သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူနီးရှား ဒီမိုကရေစီရေး လှုပ်ရှားမှု အဖွဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိ


 နိုဘယ်လ်ဆုကော်မတီက ၂၀၁၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ကြေညာစဉ်။ (အောက်တိုဘာ ၉၊ ၂၀၁၅)
နိုဘယ်လ်ဆုကော်မတီက ၂၀၁၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ကြေညာစဉ်။ (အောက်တိုဘာ ၉၊ ၂၀၁၅)

၂၀၁၅ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် တူနီးရှားနိုင်ငံက Tunisian National Dialogue Quartet ညွှန့်ပေါင်းအဖွဲ့ကို ရွေးချယ်လိုက်ပါတယ်။ တူနီးရှားမှာ ၂၀၁၁ ခုနှစ်က စံပယ်ဖြူတော်လှန်ရေးလို့ခေါ်တဲ့ ဒီမိုကရေစီရေး အုံကြွတောင်းဆိုမှုတွေအပြီး အားလုံးလက်ခံနိုင်တဲ့ ဒီမိုကရေစီပုံစံတရပ်ကို ဖေါ်ဆောင်ပေးနိုင်ခဲ့တာကြောင့် အခုလို ရွေးချယ်ခဲ့တာပါ။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ရှိတဲ့ နိုဘယ်လ်ဆုကော်မတီက ဒီကနေ့မှာ အခုလိုရွေးချယ်မှုနဲ့ ပါတ်သတ်လို့ ကြေညာခဲ့တာဖြစ်ပြီး ဒီဆုဟာ တဖွဲ့ချင်းစီကို ချီးမြှင့်တာ မဟုတ်ပဲ အဖွဲ့ ၄ ဖွဲ့ကို ပူးတွဲ ချီးမြှင့်တာဖြစ်တယ်လို့ ဆိုပါတယ်။ တူနီးရှားမှာ အာရပ်နွေဦး တောင်းဆို အုံကြွမှုတွေအပြီး ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ ကို ဖေါ်ဆောင်ရာမှာ နိုင်ငံရေးအရ လုပ်ကြံမှုတွေ၊ မတည်မငြိမ်မှုတွေ ရှိလာလိမ့်မယ် လို့ ခန့်မှန်းမှုတွေ ရှိခဲ့ပေမယ့်ငြိမ်းငြိမ်းချမ်းချမ်း နဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖေါ်နိုင်ခဲ့တာကြောင့် အခုလို ဆုချီးမြှင့်ဖို့ ရွေးချယ် လိုက်တာပါ။

ပြည်တွင်းစစ်ဖြစ်လုနီးနီး အခြေအနေမှာ နိုင်ငံကို တည်တည်ငြိမ်ငြိမ်ဖြစ်အောင် Quartet ညွန့်ပေါင်းအဖွဲ့ကြီးက ထိန်းသိမ်းနိုင်ခဲ့တယ် လို့လည်း နိုဘယ်လ်ကော်မတီ က ပြောဆိုခဲ့ပါတယ်။ ဒီညွန့်ပေါင်းအဖွဲ့ကြီးမှာ တူနီးရှား အထွေထွေ အလုပ်သမားသမဂ္ဂ၊ တူနီးရှား စက်မှု၊ ကုန်သွယ်ရေးနဲ့ လက်မှုလုပ်ငန်း အသင်း၊ တူနီးရှား လူ့အခွင့်အရေးအဖွဲ့ချုပ်နဲ့ တူနီးရှား ရှေ့နေများအဖွဲ့တို့ ပါဝင်ပါတယ်

XS
SM
MD
LG