သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလိုအပ်ဘဲ ရုရှားနိုင်ငံ ခရီးမသွားဖို့ တူရကီ နိုင်ငံသားတွေကို အစိုးရ သတိပေး


တူရကီနိုင်ငံက လေဆိပ်။
တူရကီနိုင်ငံက လေဆိပ်။

တူရကီနိုင်ငံသားတွေအနေနဲ့ ရုရှားနိုင်ငံကို အရေးတကြီးသွားဖို့မလိုတဲ့ ခရီးစဉ်တွေ ကို ရွှေ့ဆိုင်းကြဖို့ တူရကီအစိုးရက စနေနေ့မှာ ခရီးသွားအကြံပေးတခု ထုတ်ပြန် လိုက်ပါတယ်။ ဒါဟာ ရုရှားစစ်လေယာဉ်ကို တူရကီဘက်က ပစ်ချလိုက်ပြီးတဲ့နောက် ၂ နိုင်ငံကြား သံတမန်ရေးတင်းမာမှု နောက်ဆုံးအခြေအနေဖြစ်ပါတယ်။

ရုရှားနိုင်ငံမှာ တူရကီကသွားရောက်လည်ပတ်သူတွေနဲ့ အဲဒီမှာနေထိုင်သူတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကြောင့် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ခရီးသွား သတိပေးချက် ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ အဲဒီကြေညာချက် မှာ ပြောထားပါတယ်။

တူရကီ နဲ့ ဆီးရီးယား နယ်စပ်နားမှာ ရုရှားအစိုးရက စစ်ဆင်ရေးတွေလုပ်နေတုန်း ရုရှား စစ်လေယာဉ်ကို တူရကီတိုက်လေယာဉ်တွေက အင်္ဂါနေ့မှာ ပစ်ချ လိုက်ပြီးတဲ့နောက် ရုရှားအစိုးရက ဒေါသတကြီး တုံ့ပြန်ခဲ့ပါတယ်။

ခရီးသွားတွေအပေါ် ကန့်သတ်တာတွေ၊ စစ်ဘက် ဆက်ဆံရေး ဖြတ်တောက် တာတွေ၊ တင်းသွင်းတဲ့ စားနပ်ရိက္ခာတွေကို ပိုမိုစောင့်ကြည့်တာတွေအပါအဝင် တူရကီ အစိုးရကို လက်တုံ့ပြန်တာတွေ လုပ်ဆောင်သွားမယ်လို့ ရုရှားအစိုးရ က ကြေညာခဲ့ပါတယ်။

ဆီးရီးယားပြည်တွင်းစစ်မှာ ဆန့်ကျင်ဘက်ကနေ ပါဝင်နေကြတဲ့ ၂ နိုင်ငံကြား ဆက်ဆံရေးထိခိုက်လာနိုင်တယ်လို့ ခြိမ်းခြောက်လိုက်တဲ့ အတွက် နိုင်ငံတကာ ကလည်း ပဋိပက္ခတွေ ပိုကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG